pool party

79 5 0
                                    

" ကင်​ပြီးသားတွေကို စားပွဲပေါ်ချလိုက်​ J. "

Grill pan ပေါ်ရှိ အကင်​တို့ကို ဟိုဖက်​ဒီဖက်​လှန်​ရင်းမှ
Heather က Jiselle ကိုလှမ်းပြော၏။

Jiselle ကင်​ပြီးသားအကင်​များကို ဗန်းတစ်​ခုထဲ ထည့်​ပြီး
ရေကူးကန်​တစ်​ဖက်​ရှိစားပွဲရှည်​ပေါ်တင်​ရန်
ယူလာခဲ့လိုက်​သည်​။

Grace ၏ တိုက်​တွန်းချက်​ကြောင့်​ သူမတို့ Bright နှင့်​ Grace
အိမ်​တွင်​ပင်​ pool party လေးတစ်​ခုလုပ်​ရန်
စီစဉ်​နေကြချင်းဖြစ်​၏။
လူတော့သိပ်​မများပါ .. ။
Grace မိသားစု နှင့်​ Bright မိသားစုအပြင်
Bright နှင့်​ Grace ၏သူငယ်​ချင်းအချို့ပင်​။

" Wine ? "

စားပွဲရှည်​ပေါ်ရှိ ဝိုင်​ခွက်​ အလွတ်​များထဲသို့ ဝိုင်​ငှဲ့နေသော
Bright က အကင်​ဗန်းကို စားပွဲအလယ်​တွင်​ချလိုက်​သည့်
Jiselle အား လှမ်းမေး၏။

Jiselle လည်း Bright ရှိရာဆီသွားကာ သူ၏လက်​ထဲက
ဝိုင်​ခွက်​ကိုလှမ်းယူ သောက်​လိုက်​သည်​။

" French Rosé လား ? "

ဝိုင်​၏ အရသာကို သတိထားမိစွာ Jiselle ကခန့်​မှန်း၏။

" အင်း .. Cheateaú လေ .. 2012 ထွက်​.. "

Bright က Jiselle ၏ ခန့်​မှန်းချက်​အားအတည်​ပြုပေးသည်​။

" ညီမကတော့ French Rosé ကိုသိပ်​မကြိုက်​ဘူး ,
သောက်​ရတာခြောက်​ကပ်​ကပ်​နဲ့ ..
ချိုတာကိုပိုကြိုက်​တာ .. "

Jiselle က သူမထင်​မြင်​ချက်​ကိုဖွင့်​ဟ၏။
သူမပုံကြည့်​ရတာ မကြိုက်​တဲ့မုန့်​အကျွေးခံရသော
ကလေးတစ်​ယောက်​နှင့်​ပင်​တူနေတာမို့ Bright က
ခပ်​ဖွဖွရယ်​လိုက်​သည်​။

" သူက နည်းနည်း pricey ဖြစ်​ပေမယ့်
alchohol percentage များတော့
အမူးသောက်​ကြမယ့်​ သူတွေအတွက်​တော့
အဆင်​ပြေတယ်​လေ ..
များများမသောက်​ပဲ မူးတော့
အကုန်​အကျသက်​သာတာပေါ့ elle လေး ရဲ့ .. "

Bright က လူကြီးတစ်​ယောက်​လို စိတ်​ရှည်​ရှည်​ ရှင်းပြရှာ၏။

You've reached the end of published parts.

⏰ Last updated: Mar 28 ⏰

Add this story to your Library to get notified about new parts!

Something Borrowed !Where stories live. Discover now