you're not alone,he's here

115 3 0
                                    

" Sugar plum လေးရေ .. ထတော့ .. "

Grace ရဲ့ အသံသာသာ အောက်​မှာ Jiselle က
ကုတင်​တဖက်​သို့ လူးလိမ့်​သွား၏။

" J ! ထတော့ဆို ! "

Jiselle က အိပ်​ချင်​မူးတူး ပြုံးရင်းထထိုင်​လိုက်​သည်​။
မနေ့က tea ကြောင့်​လားတော့မသိ။
အိပ်​ရတာ ပိုနှစ်​ခြိုက်​နေသလိုလိုပင်​။

" get ready ! "

Grace က သူမရဲ့ လက်​ဖဝါး နှစ်​ဖက်​ အသံမြည်​အောင်
ရိုက်​ခတ်​ရင်း တက်​ကြွစွာ ပြော၏။

" Grace .. ငါ့ကို အကြောလျော့ပေးပါဦး ,
72 နာရီလောက်​ အကြောမလျော့ရသေးတာ
ငါ့တစ်​ကိုယ်​လုံး တင်းကြပ်​နေတာပဲ .. "

Grace က ရယ်​သံ ချိုချိုကို သွေးလိုက်​ရင်း
Jiselle ကို အကြောလျော့ ပေး၏။

••

Jiselle က oversized sweater အပြာရောင်​နှင့်
skinny Jean ဘောင်းဘီ တစ်​ထည်​ကို
တွဲဖက်​ဝတ်​ဆင်​လိုက်​ပြီး သူမရဲ့ အညိုရောင်​ဆံပင်​တို့ကို
bun တစ်​ခု ဖြစ်​သလို ထုံးလိုက်​၏။

" Jiselle..  ပြီးပြီလား ? "

" ပြီးပြီ ! "

jiselle က ခြေမျက်​စိဖုံးရုံသာမြင့်​တဲ့ boots တို့ကို
အားကြိုးမာန်​တက်​ ဝတ်​ဆင်​ရင်း hallway တစ်​ဖက်​မှ
Grace အမေးကို ဖြေလေသည်​။
ထို့နောက်​တော့ သူမ၏ ဘေးလွယ်​အိတ်ထဲဖုန်းကိုထည့်​ကာ
hallway တစ်​လျှောက်​ Grace တို့အခန်းရှေ့ထိ
တဒေါက်​ဒေါက်​လျှောက်​ခဲ့၏။

" Grace ပြီးပြီလား ? "

Grace နှင့်​ Bright တို့၏ အခန်းကျယ်​ရှိ ကုတင်​ကြီးပေါ်၌
Bright က ပျင်းရိစွာ မှီတွယ်​ထိုင်​ရင်း ခေါင်းဖြီးနေသော
Grace ကို အိပ်​ချင်​မူးတူးကြည့်​နေရာမှ
Jiselle ရှိရာ တံခါးပေါက်​ဖက်​ခေါင်းလှည့်​လာသည်​။
Jiselle က မေးတစ်​ချက်​ဆတ်​ပြကာနှုတ်​ဆက်​လိုက်​၏။

" Good morning to u too , sweet elle "

မောနင်း ပြောဖော်​ မရသော Jiselle ကို Bright က
ရွဲ့စောင်းစွာနှုတ်​ဆက်​တော့ Grace ရော Jiselle ပါ
ရယ်​လိုက်​ကြသည်​။

Something Borrowed !Where stories live. Discover now