အပိုင်း ၁

8.8K 580 14
                                    


အပိုင်း ၁
၂၀၂၀ ၊ ဇန်နဝါရီ ၊ စင်္ကာပူ
"... အဓိက က နင်ပဲ ငွေခြူး။ နင်နဲ့ ဝေးအောင် မလုပ်နိုင်ခင် အဘွားကို ငါဖြုတ်ချပစ်ရမယ်ဆိုတဲ့ စိတ်က ရှေ့ဆက်ဖို့ အင်အားပဲ။ နင်ကြောင့်ပဲ အားလုံးက"
ပြောပြီးပြီးချင်း ပုံစံကျစွာ စောင်းငဲ့လျက် ငွေခြူး၏ ပါးပြင်နီစွေးကို ဖျတ်ခနဲဖွဖွနမ်းရှိုက်ပစ်လိုက်၏။ ထိုသို့လုပ်ပြီးမှ ဘုန်းတခေတ်ရှက် သလိုလို ခံစားလာရပြန်သည်။ ငွေခြူးကလည်း ဒါကို သိသွားပုံရသည်။ တိုးဖွဖွလေးရယ်၏။
ထို့နောက် မြင်ကွင်းရှေ့မှ လူအုပ်ကြီးနှင့်ရောထွေးစီးမျောသွားပြီဖြစ်သော မိသားစုရှိရာသို့မျှော်ငေးသည်။ ကျွန်တော်ပါ လိုက်ငေးကြည့်လိုက်သည်။ ကိုကိုတို့ကို သေချာမမြင်ရတော့သော်လည်း Aiden လေးလက်ထဲမှ
မိုးပျံပူဖောင်းလေးကိုတော့ တွေ့နေရသေးသည်။
"ကိုကိုတော့ ပျော်နေရှာမှာပဲနော်"
ငွေခြူးတိုးတိုးလေးရေရွတ်၏။ ဘုန်းတခေတ်ခေါင်းညိတ်ထောက်ခံနေရင်းမှ ဆက်စပ်မှုရှိသည့်တစ်စုံတစ်
ယောက်ကို သတိရသွားရသည်။
"ခြူး...ငါ ကျဲကျဲ ဆီ သွားချင်တယ်"
ပြန်လှည့်ကြည့်လာသော ငွေခြူး အကြည့်တို့တွင် မှိုင်းညို့သော ခံစားချက်တိမ်လွှာတစ်ခု ဖြတ်ပြေးသွားသည်။
"နင် ကျဲကျဲ ကို မေ့နေပြီထင်တာ" ဟုလည်း ဆိုသေး၏။
"ဘယ်မေ့လို့ရပါ့မလဲ"
"ဒါဆို သွားကြတာပေါ့..."
"ဒါပေါ့ တခေတ်ရ"
ငွေခြူးကို တခေတ်ချစ်ရသည်လည်း မပြောနှင့် ။ တခေတ်ဝမ်းသာစွာပင် ကမ်းပေးနေသော ငွေခြူးလက်ကို
ဆွဲယူ ထရပ်လိုက်သည်။
ထို့နောက် သူတို့ ကျဲကျဲ ရှိရာဆီသို့...
***
"အခုအေးချမ်းနေရဲ့လား ကျဲ"
အရင်လို မျက်ခုံးလေးပင့်ကာ "ဒါပေါ့" ဟူ၍ ပြန်မဖြေတော့ပါ ။ မဖြေနိုင်တော့တာဆိုလျှင်ပိုမှန်မည်။ ရွှေရောင်သန်းနေသော နေရောင်ခြည်အောက်တွင် အကျီ ၤအဖြူပါးလေးဝတ်ဆင်လျက် ပြုံးရွှွင်နေသော ကျဲသည် တွေ့နေမြင်နေကျ ပုံထက် နူးညံ့နေပါ၏။
"ကျွန်တော် လုပ်နိုင်ခဲ့ပြီ ကျဲ ။ တစ်ဖက်သတ် နိုင်တယ်ဆိုတာထက် Win-winပေါ့ ။ ကျွန်တော်နည်းနည်းလေး ပိုများသွားတယ် ဆိုရုံ..."
သူမ ဘာမှ ပြန်မပြောနေနိုင်သော်လည်း ဘုန်းတခေတ်ခံစားမိသည်။
"ငါ့ ယောက်ဖလေးက တော်လိုက်တာ" လို့ ချီးကျူးနေမယ့် ကျဲအသံကိုပေါ့။
"အခုချိန်လေ...ကျဲမောင်လေးက ကျဲကို အပြစ်တင်နေမယ်လို့ထင်လား"
ငွေခြူးအမေးကို ပြန်မဖြေချင်။ ကျဲရှေ့မှာ အခုလိုထုတ်ကို မပြောသင့် လို့ထင်သည်။
"ဘယ်သူ့ဆီမှ ပြန်မသွားချင်သေးရင် ကျွန်တော့်ကို ခဏစောင့်ပေးပါလား ကျဲ။ ကျွန်တော်တို့ဆီပြန်လာနော်
ကျဲ ကို အပျော်ဆုံးသမီးလေးဖြစ်အောင် ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာအောင် နောက်ပြီး ဘယ်သူ့အတွက်နဲ့
မှ အသက်ရှင်နေရတာမျိုးမဟုတ်ဘဲ ကိုယ့်အတွက်ပဲ ကိုယ်ရှင်နေဖို့လိုတဲ့ ကလေးလေးဖြစ်အောင် ကျွန်တော်
စောင့်ရှောက်ပေးမယ်။ အဲ့ အခါကျ ဘယ်သူ့ကိုမှလည်း ရှုံးစရာမလိုတော့ဘူးပေ့ါ။ ဒါကြောင့် မို့ ကျွန်တော်နဲ့
ခြူးဆီကိုလာနော်။"
"ဘုန်းတခေတ်ရယ်..."
တတွတ်တွတ်ပြောနေရင်းမှ တိုးလျလျ ပင့်သက်ရှိုက်သံ တစ်စ သည် နားခိုသူတို့၏ အခန်းဖြူလေးထဲ
တိုးကာခိုဝင်၏။

တစ်ခေတ် Donde viven las historias. Descúbrelo ahora