ဖွင့်ပေးထားသော တံခါးမှတစ်ဆင့်အထဲသို့ ဝင်သည်။ တံခါးပိတ်ပြီးမျက်
နှာချင်းဆိုင် ပြန်လှည့်လာသော ကျွန်
တော့်ပါးကို လက်နှစ်ဖက်လုံးဖြင့် အုပ်
ကိုင်ရင်း"အိပ်ပျော်နေတာလား ခေတ်" ဟု ငြင်
ငြင်သာသာ ကြင်ကြင်နာနာမေး၏။အိပ်ချင်နေသေးသော မျက်လုံးတို့ကို
လက်ခုံဖြင့် ပွတ်ရင်း မေးနေသူ၏ ခါး
ကိုဖက်ကာ ပခုံးပေါ်မေးတင်မှေးလိုက်
၏။"ညက မအိပ်ဘူးမလား ခေတ်။ ဂိမ်း
တွေ ဆော့နေပြန်ပြီမလား""မဆူပါနဲ့...ခဏလောက်ပဲ မှီပါရစေ"
ထိုသို့ဆိုတော့ အလိုက်တသိငြိမ်နေ
ပေးသည်။ သူမဆီ မှ ရနေသော မွှေးပျပျရနံ့။ အီကွေတာမျဉ်းအလယ်တည့်တည့်ကျနေသော နိုင်ငံတွင်ရောက်ရှိနေပေမဲ့ သူမ၏ ရေမွှေးနံ့အေးအေး
ကြောင့် အိုဟိုင်းရိုး ကို ပြန်လည်တမ်းတစေသည်။"ကဲ မှီနေတာ ဖယ်တော့...ဘာစားပြီးပြီလဲ"
"ဟင့်အင်း...ခုမှ ဘယ်နှစ်နာရီရှိသေးလို့
လဲ""၁၀နာရီကျော်ပြီလေ ကိုယ်တော်ရယ်
ငါ့ ကိုဖယ်..."မဖယ်ပေးဘဲ ပေကပ်ကာ တွယ်ကပ်နေ
သောအခါ တွန်းတွန်းထိုးထိုးနဲ့ပင် ထ
မင်းစား စားပွဲဆီသို့ ဉီးဆောင်ခေါ်သွား
ပေးသည်။ နောက် ဧည့်သည်ကပင်
ရေအေးအေးတစ်ခွက် ခပ်တိုက်သည်။
ရေသောက်လိုက်တော့မှ အိပ်ချင်စိတ်တို့ အနည်းငယ်ပြေသွား၏။ သူမကိုသေချာရှုကြည့်ဖြစ်တော့ ရယ်မောရင်း
ကျွန်တော့် နှာခေါင်းထိပ်ကို ဆွဲလိမ်
၏။သဘာဝကျကျမိတ်ကပ်လိမ်းခြယ်မှု
တွင်ကျော့ရှင်းခြင်းကိုပါ ထပ်မံဖြည့်
စွပ်သည်။ ခွေခွေကောက်ကောက်ဆံ
နွယ်များကို ဖဲကြိုးတစ်ခုနှင့် ခပ်မြင့်
မြင့်စည်းနှောင်ထားလျက် နွေရာသီဝတ်တီရှပ်အဖြူပါးလေးနှင့် ဒူးအတိ စကပ်ဖြူဖြူကို တွဲဖက်ဝန်ဆင်ထားသောသူမ က တက်ကြွလန်ဆန်းနေပါ၏။"ဘာစားမလဲ ။ လမ်းထိပ်ကတရုတ်ဆိုင်ကနေပဲ မှာလိုက်ကြမလား"
"သဘော"
ဖုန်းထုတ်ကာလှမ်းမှာနေသော သူမကို
ထိုင်သာ ငေးနေလိုက်သည်။ ဘယ်အချိန်ကြည့်ကြည့် ရိုးသွားတယ်ကိုမရှိ။
သူမနဲ့ပဲ တစ်သက်လုံးနေသွားချင်တဲ့စိတ်ကသာ ပိုပိုတိုးပွါးလာတာ။