III

1.1K 80 2
                                    

.
.

.
.
.

အဖြောင့်ကောင်နဲ့ လမ်းခွဲခြင်းကိစ္စတွေပြီးသွားလေတော့...

ဟျွန်း သွားချင်တဲ့နေရာမှန်သမျှနဲ့စားချင်တဲ့ ဆိုင်တွေမှာ ကျွေးဖို့အတွက်ရာ ကိုယ့်ရဲ့ပြခန်းက လက်ထောက်ကိုမလာနိုင်ကြောင်းပြောပြီး ဖခမည်းတော်ကြီးထံ ဒီနေ့ တစ်ရက်လောက် ကုမ္ပဏီက ခွင့်ပေးရန်ပြောရပေတော့သည်....

အလုပ်တစ်ရက်ပျက်ရပေမယ့် ဟျွန်းနှုတ်ခမ်းပါးဝယ် အပြုံးလေးတွေကို ဖန်ဆင်းပေးနိုင်တဲ့အတွက် အလုပ်ပျက်ရတာ သိပ်ကိုတန်ပါတယ်လေ....

ဂန်ဒီနေ့ငါ shopping ထွက်မယ်နော် အဲ့တာ xxxMallကိုလိုက်ပို့ ပြီးရင် အင်း....စဥ်းစားလို့ရရင်ထပ်ပြောမယ် ဂန် ဟုဆိုတော့...

အင်း....မင်းသဘောအတိုင်းပါပဲဟျွန်းရယ်ကလွဲလို့ ငါဘာများပြောနိုင်ဦးမလဲကွာ....

ဂန်နော်...သူမလေးနှုတ်ခမ်းကစူပွပွဖြစ်လာတော့

ငါကစတာပါဟျွန်းရ....ရွှေစိတ်တော်တော့မညိုးလိုက်ပါနဲ့နော်...ပြုံးပါဦး ဟျွန်းရ ငါ့ရဲ့ရင်တွေ အေးသွားတဲ့အထိ...

ဟွန့်....လူဆိုးမ ဂန်..

Mallကိုရောက်တော့ ဘယ်တုန်းက ဝယ်ဖို့အတိုးချထားလဲမသိ နေ့လည်၁၂ခွဲကတည်းကရောက်တာ အခုညနေ ၄နာရီ ထိုးပြီအထိ ဝယ်လို့မပြီးသော ဟျွန်းရယ်ပါ

သူကတော့ လက်ကိုင်အိတ်ကလေးကိုကြွကြွလေးကိုင်ပြီး လမ်းလျှောက် နေပုံက မင်းသမီးလေး အတိုင်း

ကိုယ့်မှာတော့သူဝယ်သမျှအထုတ်ကြီးအထုတ်ငယ်ကိုင်ပြီး နောက်ကလိုက်နေရတာ လက်တွေရောခြေထောက်တွေပါ ထုံနေပြီ...

အရင်ကတော့ သိပ်ချစ်ဖို့ကောင်းတဲ့ bae chu..အခုတော့ ကိုယ့်မျက်ဝန်းထဲက ဟျွန်းဟာ အကြင်နာတရားမရှိတဲ့ ယုန်မကြီး နောက်ကနေပိတ်ကန်ချင်စရာ ကြီးရယ်ပါ....

သည်းမခံနိုင်တဲ့အဆုံး....

ဟျွန်း နင်ဝယ်လို့ပြီးဦးမှာလား ငါ့လည်းသနားပါဦး ခြေထောက်တွေလည်းထုံနေပြီလျှောက်ရတာ ဟုဆိုတော့မှ

အိုး....ငါဝယ်တာအဲ့လောက်များသွားပြီလားဟုဆိုကာ ကိုယ့်လက်ထဲက အိတ်တွေကြည့်ပြီးဆိုလာတော့

Precious Where stories live. Discover now