V

784 80 3
                                    

.
.
.
.
.

ခပ်စူးစူး နေရောင်က မျက်နှာပေါ်သို့ ကျရောက်လာတော့ အိပ်ချင်နေသော မျက်လုံးအစုံကို ကြိုးစားဖွင့်လိုက်ပြီးနောက် ကပ်ပါလာသော ခေါင်းကိုက်ခြင်းဝေဒနာ မနေ့ညက အဖြစ်အပျက်တွေ ကို ခေါင်းကိုအလုပ်ပေးပြီးအဖြေရှာပါသော်လည်း ဘာကိုမှ မမှတ်မိဘဲ ခေါင်းပိုကိုက်လာသည်သာ အဖက်တင်သည်မို့

ထပ်မစဥ်းစားတော့ဘဲ ကိုယ်လရ်သန့်စင်ရန် ရေချိုးခန်းထဲသို့သာ ဦးတည်လိုက်သည်....

နောက် ခေါင်းကိုက်ပြေစေရန် kitchen ထဲသို့ဝင်လိုက်တော့ တွေ့လိုက်ရသည်က ကမ္ဘာမှာနှစ်ယောက်မရှိသော ဟျွန်းက မျက်နှာတည်မျက်နှာထားနှင့်အတူ သူမရဲ့ မျက်စောင်းအထိုးခံရသောကြောင့်ံတံထွေးသာ မျိုချရသည်......

(သူမထက်ရှည်တဲ့အရပ် ကျယ်ပြန့်တဲ့ပခုံး စိတ်ဆိုးနေတဲ့ absရှိတဲ့ကိုယ်က
ပုပုသေးသေး အလှပကေးရဲ့ မျက်စောင်းကိုဘာကြောင့် ဒီလောက်ကြောက်နေရသနည်း ဟု မမေးနဲ့ကိုယ့်လူ....

ဟျွန်း မျက်နှာတည်ပြီး မျက်စောင်းထိုးမှာကို တတိယကမ္ဘာစစ်ဖြစ်မှာထက် ပိုကြောက်ပါတယ် အကြောင်းကတော့ မှတ်မှတ်ရရ အထက်တန်းနောက်ဆုံးနှစ်ကပေါ့ ကိုယ့်မှာဘာဖြစ်လို့ဖြစ်သွားမှန်းမသိ ကျောင်းကန်တင်းမှာ ဂျူဟျွန်း ကိုင်ပေါက်ခံရတာကနေ စခဲ့တာပေါ့လေ...

အမြဲတမ်းသီးသီးသန့်သန့်နေပြီး ပန်းချီဆွဲနေတက်တဲ့ကိုယ်နဲ့ တေကွမ်ဒို ခါးပါတ်နက် ရတဲ့ဟျွန်း အဲ့တာဆို သဘောပေါက်လောက်ရောပေါ့လေ....)

နင့်အပြစ်နင်သိလား ဂန်....

ဟမ်

မဟမ်နဲ့ နင်မနေ့ညက ဘာလို့ ဒီလောက်လူမှန်းသူမှန်းမသိအောင် သောက်လာရတာလဲ

မဝုတ် အဲ မဟုတ် ဟို...ဟို

ဘာမှဟို လုပ်မနေနဲ့ နင်မနေ့က ဘယ်လို အိမ်ပြန်ရောက်တာလဲမှတ်မိလား....ဟုခပ်တည်တည်မေးလာတော့

ဂလု....မှတ်မိတာပေါ့ ဟျွန်းရဲ့ ဆိုတော့ သူမကမျက်ခုံးတစ်ချက်ပင့်ပြကာ ဆက်ပြောလေဆိုတဲ့ သဘော

ငါ့ဘာငါ ကားကိုဖြည်းဖြည်းမောင်းပြီးပြန်လာတာလေဟု သဖြီးလေးဆိုတော့....

သူမအကြည့်ကလေ လူကို အခုပဲ အချိန်မဆိုင်း​​​ဘဲငရဲပို့တော့မယ်ဆိုတဲ့အကြည့်ကြီးကြောင့်

ကိုယ့်မယ် ဂန်ဆူးလ်ဂီလေးမယ် ဒီနေရာမှာတင် ချက်ချင်းအငွေ့ပြန်ပြီးသာ သွားလိုက်ချင်ပါတော့တယ် ဟဲလ် ဂျူဟျွန်း အစ် ကမ်းမင်း

အိုင် စိုး စကဲရီး...

နင့်ကို အခွင့်အရေးပေးတဲ့အနေနဲ့ မေးခွန်းတစ်ခုမေးမယ် ဖြေမလားဆိုတဲ့ အနှီကောင်က ခေါင်းကို စက်တပ်ထားသလို တဆက်ဆက် ငြိမ့်လေရဲ့

နင် အိုင်းရင်း နဲ့ ဂျူဟျွန်း ဆို ဘယ်သူ့ကိုရွေးမလဲမေးတော့...

သူက ပကတိတည်ငြိမ်စွာ ငါ ဂျူဟျွန်း ကိုပဲရွေးမယ် ဟျွန်း....

နှစ်ခုစလုံး ကငါပဲလေဟု ပြောတော့

သူက မှန်တယ်ဟျွန်း ဒါပေမယ့် မတူညီဘူး ကွဲပြားတယ် ဟျွန်း....

အိုင်းရင်းက မာယာများတယ် စကားကြွယ်တယ် ပွေရှုပ်တယ် ဒါပေမဲ့ ငါ့ရဲ့ဟျွန်းကတော့ ငယ်ငယ်ကတည်း မဟုတ်မခံ သူတစ်ပါးကိုကာကွယ်တက်တယ် ကလေးဆန်ပြီး ဗိုလ်ကျတက်တယ် နောက်သူကဖြူစင်တယ် ဒါ့ကြောင့် ငါအမြဲတမ်း ရွေးချယ်စရာ ဘယ်လောက်ရှိရှိ အမြဲငါရဲ့ ဂျူဟျွန်း ကိုရွေးမှာ....ဟု သူမမျက်ဝန်းကိုတည့်တည့်ကြည့် ဖြေလိုက်တော့

အဟမ်း....နင့်အတွက် အမူးပြေဟင်းရည်ချက်ထားတယ် ငါသွားတော့မယ်ဟု ပြောကာ သူ့ရှေ့က အယောင်ယောင်အမှားမှားနဲ့ထွက်လာ ခဲ့ရသည်။

ကားပေါ်ရောက်တော့မှ မူမမှန်စွာအခုန်မြန်နေတဲ့ နှလုံး ကို ဖိကာ.......ဘာကြောင့်လဲ ဂန်

ဘာကြောင့်များ နင့်မျက်ဝန်းရဲ့အကြည့်စူးစူးကို မခံနိုင်ရတာများလဲ

တစ်ဖက်မှာ လည်း.... ငါသေချာပြောခဲ့ပါတယ် ငါရဲ့ ဂျူဟျွန်း လို့လေ အဲ့စကားကို နင်ကြားဖို့မျှော်လင့်ပါတယ်လေ....

အမြဲတမ်းလဲ ဂျူဟျွန်း ကိုချစ်ကြောင်းပြောခဲ့ပါတယ် ဒါတွေကို နင်မမြင်နိုင်အောင် ငါတို့က အချစ်ဆုံးသူငယ်ချင်း အဆင့်ပဲလား.....

သေချာပြောခဲ့ပါတယ် 'ငါ့ရဲ့' ဟျွန်းဆိုတဲ့ ပိုင်ဆိုင်ခြင်းပြ စကားလုံးလေးကို မင်းသတိထားမိရင်သိပ်ကောင်းမှာပဲ ကိုယ့်ရဲ့အဖိုးတန်လေးရဲ့.....

.
.
.
.

.

10520(4:22pm)🐻🐰

နည်းနည်းတော့ကြာသွားတယ်.... အခုရက်ပိုင်း  လိုင်းလဲသိပ်မသုံးဖြစ် စာရေးချင်စိတ်လည်းပျောက်နေတဲ့အတွက် ကြာသွားတယ်ဗျ....🔥

Precious Where stories live. Discover now