VII

1.2K 68 10
                                    

.
.
.
.
.
.

တစ်ချိန်က ကိုယ်ဘက်ကသိပ်ချစ်ခဲ့ရတဲ့ အမျိုးသမီး လေးလည်း အခုဆို သူ့ရဲ့သက်ဆိုင်သူနဲ့ ပျော်နေရှာရောပေါ့လေ....

ခံစားရခက်တဲ့ အကြောင်းကဘာလဲဆိုတော့ သူနဲ့အခုတွဲနေတဲ့ သူသိပ်ချစ်ပါတယ်ဆိုတဲ့သူမက ကိုယ့်ရဲ့ ညီမဝမ်းကွဲတော်ပါသတဲ့...အဟက် သိပ်ကိုတော်တယ် ဂျူဟျွန်းဟာ နူးညံ့မယောင်နဲ့လူ(နှလုံးသား)ကိုတမြေ့မြေ့နဲ့သေအောင်သတ်တဲ့နေရာမှာ သိပ်ကိုတော်ပါတယ်....

ကိုယ့်အချစ်ကိုပဲမမြင်တာလား? မြင်ရက်နဲ့မသိချင်ယောင်ဆောင်နေပြီး သူငယ်ချင်းစည်းခြားနေတဲ့ ကိုယ်ချစ်သိပ်ချစ်ရသူဟာ သူသိပ်ချစ်တဲ့ချစ်ရသူနဲ့ ပျော်ရွှင်​ေနတဲ့ ပုံကို ရင်ကွဲပက်လက်နဲ့မကြည့်နိုင်လို့ ဟျွန်းအငွေ့အသက်တွေ အမှတ်တရတွေနဲ့ ဝေးရာ ကနေဒါကို ဘယ်သူ့ကိုမှအသိမပေးဘဲ အခန်းထဲ noteကလေးရေးပြီး ကိုယ်ထွက်ပြေးခဲ့တယ်...

ကိုယ်ကသာ သူမကို မေ့နိုင်အောင်ဆိုပြီး ကနေဒါကို ထွက်လာခဲ့တာ

တစ်နှစ်ပြည့်တဲ့အချိန်ထိ သူမကို မေ့မရအောင်လွမ်းရပါတယ်....

ဒါပေမယ့် နှစ်နှစ်တာကာလ ရောက်တဲ့အချိန်မှာတော့ အနည်းငယ် အနည်ထိုင်လာခဲ့ပါပြီ

သုံးနှစ် ပြည့်တဲ့အချိန်မှာတော့ ဟျွန်းဟာ ကိုယ့်ဘဝရဲ့ အမှတ်တရမှတ်ဉာဏ်ထဲ သိပ်ချစ်ခဲ့ရတဲ့သူငယ်ချင်းအချစ်ဦးလေးအဖြစ် ကောင်းမွန်တဲ့ အတိတ်ကလေးတစ်ခုအဖြစ် ကျန်ရှိခဲ့ပါပြီလေ....

ဘာလို့ဆို ကိုယ့်အပေါ် သိပ်ချစ်ပေးပြီး သိပ်ကိုနားလည်ပေးတဲ့ ကိုယ့်အိမ်သူသက်ထားလေးကရှိနေတဲ့အတွက်ကြောင့်ပေါ့လေ....

ကော်ဖီတစ်ခွက်ကိုင်ကာ လမ်းဘက်ငေးနေတဲ့ ချစ်ရသူကို ဝင်ဒီလှမ်းခေါ်တော့

ဟေး....ဆူးလ် ဘာတွေငေးတာတုန်း ကိုယ်ရဲ့

အင်း...အရင်က အဆက်ဟောင်းလေးကိုလွမ်းနေတာလေ မိန်းမရဲ့ ဟားဟ

ဟော် ရုပ်ကြီးက ကြည့်ပါဦး မိန်းမရယ် ကိုယ်ကစတာပါ....အချစ်က ကိုယ့်ရဲ့ အချစ်ဦးမဟုတ်ခဲ့ပေမယ့် ဘဝရဲ့ မရှိမဖြစ် ဆိုးတူကောင်းဖက် ကိုယ့်ရဲ့ နောက်ဆုံးအချစ် အချစ်ဆုံးပါ အချစ်ရယ်...

Precious Where stories live. Discover now