သူမ

2.9K 166 6
                                    

Zaw Gyi code

နှောင်း သူမ၏ မျက်လုံးများကို အားယူက ဖွင့်လိုက်
ရာ သူမ ပထမဆုံးတွေ့ရသည်မှာ မျက်နှာကျက်
အဖြူရောင်.. သူမ သိသည် သူမ လူနာကုတင်ပေါ်
ပြန်ရောက်နေပြန်ပြီဆိုတာကိုပေါ့

" နှောင်း နင် သတိရလာပြီလား "

" အင်း ငါ လူနာ ကုတင်ပေါ်ပြန်ရောက်လာပြန်ပြီပေါ့"

" နင် ကင်ဆာဌာန က အရူးတစ်ပိုင်းလို ပြေးထွက်
လာတယ်ဆို "

" ဘယ်သူပြောတာလဲ ဆောင်း ပြောတာလား "

" အင်း ပြောပါဦး ပုံမှန်ဆို ဆေးရုံအုပ်က တွေ့ချင်
တယ်ပြောရင်တောင် အခြား ဆရာဝန်တွေလို
တောင် ပြေးမသွားဘဲ အေးအေးဆေးဆေး
လမ်းလျောကွသွားတဲ့ လူက ဘယ်လို ဖြစ်လို့
အပြေးပြိုင်နေသလို ပြေးထွက်လာတာလဲ
သရဲကိုတွေ့လို့လား "

ခ က ရယ်ကျဲကျဲ  နဲ့ မေးလိုက်ရာ

" မဟုတ်ပါဘူး "

" အရေးပေါ်လူနာ ရှိလို့လား ဒါမှမဟုတ် သွန်းမိုးစက်
ဆိုတဲ့ မိန်းကလေးကြောင့်လား "

" နင် ကလေးမ နာမည်ကို ဘယ်လို သိတာလဲ
ဆောင်းပြောတာလား "

" ကလေးမ.. နင့်ကို ကြက်စွပ်ပြုတ် လာလာပေးပြီး
ငါ့ကို ရန်တွေ့သွားတဲ့ ကောင်မလေး ရဲ့ နာမည်က
သွန်းမိုးစက် လား "

" အင်း ငါ့ ကလေးမ နာမည်က သွန်းမိုးစက်
အခု လက်ရှိ ကတော့ ကင်ဆာဌာနမှာ "

" ဘာဖြစ်တာလဲ သူက "

" ဦးနှောက် အကျိတ်ရောင်ကင်ဆာနဲ့
အချိန်သုံးလ ဘဲကျန်တော့တယ်တဲ့ "

" ဟမ် တကယ်လား "

" ဟုတ်တယ်ဟ လောကကြီးက ရက်စက်လိုက်တာ
အချစ်ကို မတွေ့ဘူးတဲ့ ငါက အခု အချစ်တွေ့ပြီ
ဆိုတော့မှကွာ "

" ဒါဆို နင် အဲ့ဒီ ကလေးမလေး ကို ကြိုက်နေတာ
လား "

" ကြိုက်နေတာ မဟုတ်ဘူး ချစ်တာ ငါက သူ့ကို
မြတ်မြတ်နိုးနိုး နဲ့ ကို ချစ်တာ "

" နင်တို့နှစ်ယောက် ဘဝ ကလဲဟာ ဒါနဲ့
နင်သူ့ကို စိတ်မပူခင် နင့်ကိုနင် အရင်စိတ်ပူအုံး
နင် ဒီတပတ် အတွင်းမှာ နင့် နှလုံးဖောက်တာ
ခဏခဏ ရှိနေပြီ ဆေးကိုပုံမှန်မသောက်ဘူးလား "

ချစ်ရပါသော"မ" ( Complete )Where stories live. Discover now