Part - 12

2.7K 171 6
                                    

Zaw Gyi code

ခ က လင်းတို့ကို အခန်းတွေ တစ်ခန်းပြီးတစ်ခန်း
လိုက်ပြနေပြီး မီးဖိုချောင် ၊ ရေချိုးခန်း ၊ ဘုရားခန်း
များကိုပါ လိုက်ပြ၍ လင်းတို့နေရမည့် အခန်းကို
ပါပြပေးသည်။ လင်းတို့အခန်းမှာ သိပ်မကျယ်
သော်လည်း အခန်းအတွင်းရှိလိုအပ်သည်
များကိုပါ အစုံအလင်ထားပေးထားသည်။

ထို့နောက် ခ နေသည့်အခန်းက နှောင်းအခန်းနှင့်
ဘေးချင်းကပ်ရပ် ဖြစ်ပြီး လင်းတို့ စိတ်မရှုတ်
အောင် အပေါ်ထပ်သို့ တတ်မလာ၍ အပေါ်
ထပ်မှာ စိတ်ကြိုက်နေပါဟုလည်း ရှင်းပြပြီး
နှောင်းကို တစ်ချက်သွားကြည့်မည်ဟုဆိုကာ
အောက်သို့ဆင်းသွားသည့် ခ ရဲ့ ကျောပြင်ကို
ကြည့်ကာ လင်း ဖက်ထားချင်စိတ်တွေပေါ်
လာသော်လည်း သူမလို ဒုက္ခိတ နှင့် ခ က
ဘယ်လိုအကြောင်းပြချက်နှင့်မှ မပေါင်းဖက်
သင့်၍ ကတိတည်ရမည်ဆိုသော
အကြောင်းပြချက်ဖြင့်သာ သူမကိုသူမ ဖြေသိမ့်
လိုက်သည်။ထိုစဉ် အောက်ထပ်ရှိ နှောင်း၏
အခန်းအတွင်းမှာတော့..

" နှောင်းအလင်္ကာ နင်ဘယ်အချိန်ထိ ငါ့ကို
ဖုံးကွယ်ထားမှာလဲ နင်သေသွားတော့မှလား
ဟမ်..ပြောလေ "

" အော် နင့်ကို ကေသီကပြောလိုက်ပြီပေါ့ "

" အော်..ဟုတ်လား နင့်အဖြေက အော် တစ်လုံး
ထဲလား ဒါနင့် အသက်နဲ့ဆိုင်တဲ့ကိစ္စနော်
ကလေးကစားစရာ မဟုတ်ဘူး "

" ငါကလဲ ကစားနေတာမဟုတ်ဘူး ခ ငါလူ
တစ်ယောက်ကို ကယ်ရမှာဖြစ်လို့ နင့်ကို
ငါ့အခြေအနေကို မပြောထားတာ နင်သိရင်
ငါ့ကို ဆရာဝန်အလုပ်က နားခိုင်းပြီး အိမ်မှာဘဲနေ
ခိုင်းမှာ ဟုတ်တယ်မလား "

" အေးဟုတ်တယ် အခုက စပြီးနင်အိမ်မှာဘဲနား
နေရမယ် ပြောစမ်းပါဦး ဘယ်လိုလူနာကများ
နင့်အသက်နဲ့ရင်းရလောက်တဲ့အထိကို
ကယ်ရမဲ့လူနာဖြစ်နေလို့လဲ ပြီးတော့ ဆေးရုံမှာ
ဆရာဝန်တွေအများကြီးရှိတယ် နင်တစ်ယောက်
တည်း ဆရာဝန်မဟုတ်ဘူး "

" ငါတစ်ယောက်တည်း ဆရာဝန်မဟုတ်ပေမဲ့
အဲ့ဒီခွဲစိတ်မှုက ငါမလုပ်ပေးရင် အဲ့ဒီလူနာသေ
သွားလိမ့်မယ်
ဒီဆေးရုံမှာဆရာဝန်တွေအများကြီးရှိပေမဲ့
နှလုံးအစားထိုးခွဲစိတ်မှုနဲ့ အထွေထွေခွဲစိတ်မှုကို
ငါကလွဲလို့ ဘယ်သူမှမလုပ်နိုင်ဘူးဆိုတာကို
နင်သိမှာပါ "

ချစ်ရပါသော"မ" ( Complete )Donde viven las historias. Descúbrelo ahora