လူကြီး

2.8K 153 10
                                    

Zaw Gyi code

" လူကြီး ဘယ်ကိုသွားနေတာလဲ "

" တစ်နေရာ ကိုပေါ့ "

" ဟာဗျာ တစ်နေရာကို သွားနေတယ် ဆိုတာက်ုတော့ သိတာပေါ့ "

" အဲ့ဒါဆိုရင်လဲ ဘာလို့မေးနေသေးလဲ "

" နေပါဦး လူကြီးကျွန်တော့ကို ပြန်ပေးဆွဲ လာတာ
တော့မဟုတ်ပါဘူးနော် ?? "

" ဟူး... ကလေးမ မင်း drama ကားတွေကြည့်တာ
လျော့သင့်ပြီ "

" မသိဘူးလေ ကျွန်တော့်ကို ဘယ်သွားမယ်လို့
မပြောဘဲ ခေါ်လာတာကြီးက တစ်မျိုးကြီးဖြစ်နေလို့ "

" တိတ်တိတ်လေး နေပေးပါဦး သာလိကာမလေး
ရယ် မင်းက တောက်လျောက်ကြီးကို စကားများ
နေတာဘဲ ငါကားမောင်းတာလောကို ခဏလောက်
အာရုံစိုက်ပါရစေ "

" လူကြီးက စိတ်ကြီးဘဲ သူဘဲ လူကိုခေါ်လာပြီး
အခု သူဘဲ လူကို စိတ်မရှည်တော့ဘူး ဟွန့် "

" ဘဲပေါက် "

" လူကြီး ဘာပြောလိုက်တာလဲ "

" ဘဲပေါက်လို့ပြောတာ မင်းက ဘဲပေါက်လေးနဲ့
ချွတ်စွတ်ကိုတူတာ "

" ကျွန်တော်က ဘဲပေါက်ဆိုရင် လူကြီးက
မြင်းအိုကြီး "

" ဟာ ဘာဆိုင်လို့လဲ "

" ဆိုင်တာပေါ့ ရုပ်ကိုက မြင်းရုပ်နဲ့ မြင်းနဲ့တူပြီး
မပြေးနိုင်လို့ မြင်းအိုကြီး လို့ပြောတာ "

" မြင်းအို !!! ဟ ဟ ဟ မင်းက တယ်လဲနာမည်ကို
ပေါက်ပေါက်ရှာရှာ ပေးတတ်တယ် "

" ဘယ်သူအရင် စတာလဲ သူဘဲအရင်စပြီးတော့
ဟွန့် "

" ဟ ဟ ဟ  ချစ်ဖို့ကောင်းတယ် "

" ဗျာ လူကြီး ဘာပြောလိုက်တာလဲ "

" ဘာမှမဟုတ်ပါဘူး ဆင်းတော့ ရောက်ပြီ "

" ဟမ် ခြံဝန်းနဲ့အိမ်ကြီး?? အဲ့ဒါကို ကျွန်တော်က
ဘာလုပ်ရမှာလဲ "

" လာလေ အိမ်ထဲမဝင်လို့ မင်းကဘာလုပ်ချင်လို့လဲ "

" ဝါး.... လှလိုက်တာ နန်းတော်ကြီးနဲ့တူလိုက်တာ
ဘာလဲ လူကြီးက အိမ်ကြွားချင်လို့ တကူးတက
လာခေါ်တာလား "

ချစ်ရပါသော"မ" ( Complete )Where stories live. Discover now