124K 6K 243
                                    

(Unicode)

နွေရာသီရောက်လျှင် ရွက်ဟောင်းတို့က စဉ်ဆက်မပြတ်ပင် ကြွေပါတော့၏။ ရာသီဥတု၏ ဖောက်လွှဲဖောက်ပြန်ပြုတတ်ခြင်းသဘောသည် နွေရာသီကိုတော့ ဖယ်ခွါဟန်ရှိပါလေသည်။ အချိန်အတိအကျ၌ပင် သစ်ရွက်ဟောင်းတို့ကြွေသည်က တဖြုတ်ဖြုတ်။ ရွက်သစ်မတက်ခင် ရွက်ဟောင်းကြွေတို့ကို လှဲကျင်းရသည်မှာလည်း သူ့အတွက်မသက်သာလှချေ။

ခြံတစ်ခြံလုံးပြောင်အောင် မလှဲထားလျှင်လည်း သျှန်ခွန်နှောင်းတို့ မုန့်ဖိုးမရနိုင်ပါ။ မုန့်ဖိုးမရလျှင် မုန့်စားရမည်မဟုတ်။ ထို့ကြောင့် သစ်ရွက်ခြောက်တို့အား ပိုက်ဆံပေးမည့် ရွှေရွက်ကလေးများဟုသဘောထားကာ တစ်စမကျန်လှဲကျင်းသန့်ရှင်းနေရသည်။

"ခွန်နှောင်း သားငယ်လေး၊ လာပါကွယ် ကြီးကြီး ကောင်မလေးတွေကို လှဲခိုင်းပါ့မယ်"

"ရတယ် ကြီးကြီး၊ တော်ကြာမေမေသိရင် မုန့်ဖိုးမပေးဘဲနေမယ်၊ သား စာမေးပွဲဖြေပြီးကတည်းက ခုထိ အပြင်မထွက်ရသေးဘူး၊ ရေကူးမယ်ပြောထားတာလည်း မေမေက အရေးမလုပ်ဘူး"

ခွန်နှောင်းက နှုတ်ခမ်းလေး စူပုတ်ပုတ်ဖြင့် အချွဲပိုကာပြောမိလေတော့ အချစ်ပိုသူက ကြီးကြီးဖြစ်စေရမည်။ ဤသို့ပင် စကားတတ်ခြင်းကြောင့် သျှန်ခွန်နှောင်းဆိုသည်မှာ တစ်အိမ်လုံး၏အသည်းကျော် ပဲလှော်လေး။

"လာလာ ကြီးကြီးပေးမှာပေါ့၊ ကြီးကြီးသားလေးကို ကြီးကြီးက မုန့်လည်းကျွေးမယ် မုန့်ဖိုးလည်းပေးမယ်၊ ပင်ပင်ပန်းပန်းတွေမလုပ်ပါနဲ့ သားငယ်လေးရယ်"

တစ်အိမ်လုံးပြေးကြည့်မှ ရွှေဥသဖွယ်ဥထားရသော တူငယ်လေးကို ဖြစ်နိုင်လျှင် ဘာအလုပ်မှမခိုင်းစေချင်။ ခက်သည်က ညီမငယ်ဖြစ်သူ။ စာမေးပွဲဖြေပြီးကတည်းက ခွန်နှောင်းလေးကို အလွတ်မပေး။ သားငယ်လေး လက်ဖဝါးနုနုသွေးခြေဥလှချေရဲ့။

"ခွန်နှောင်းလေး ဒီမှာ သားအတွက် မုန့်ဖိုး၊ ရေကူးဖို့လည်း ထည့်ပေးထားတယ်၊ လောက်အောင်သုံးနော်"

"ဒါပေမယ့် ကြီးကြီး မေမေကဆူမှာ"

"အို ခင်ပပများ၊ ကြီးကြီး ညီမပါတော်၊ သွားသာသွား၊ ကျန်တာကြီးကြီးရှင်းမယ်"

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now