30.3K 3.9K 51
                                    

(Unicode)

မိုင်းပွန်မြို့သည် နေချင်စရာ မြို့ငယ်လေးဖြစ်၏။ သာမာန်အပူချိန်သည်ပင် အခြားနေရာများထက် အနည်းငယ်လျော့နည်းသောကြောင့် အေးချမ်းသော လေထုဖြင့် ခြုံလွှမ်းအပ်လေသည်။

ခွန်နှောင်းသည် အေးမြသော ရာသီဥတုကို နှစ်ခြိုက်သူဖြစ်လေရာ ဤအရပ်သည် သူ​ပျော်စံရာဖြစ်လေသည်။ အိပ်မက်ထဲတွင်တော့ မေမေသည် ခွန်နှောင်းကို အောင်စာရင်းထွက်သောကြောင့် ထရန်နှိုးနေလေပြီ။

"မထချင်ဘူး၊ သားအောင်တာသားသိပါတယ်"

"အဆွေ ခွန်နှောင်း၊ မနက်စာ စားရတော့မည်၊ ထလေရော့"

"ဟင့်အင်း မထဘူး"

"ခွန်နှောင်း"

လှုပ်ကာနှိုးနေသည်ကိုပင် ပုတ်သိပ်နေသည်ထင်သော ကောင်လေးသည် မနေ့ညက ဦးသာကို နှစ်သိမ့်ခဲ့သူဖြစ်နေလေသည်။ ဦးသာကို "အမနန်းစောက လူကြီး အချစ်ဦးမလား" ဟူသော အမေးစကားတစ်ခွန်းဖြင့် ခံစားချက်များပွင့်အံကျလာအောင် စွမ်းပေသည်။ အနည်းဆုံးတော့ ရင်ဖွင့်ဖော်ရှိ၍ ဦးသာ စိတ်သက်သာရာရခဲ့ပါသည်။

"ဟင် လူကြီး"

"ထရော့ ခွန်နှောင်း၊ ယမန်ညကအတွက် ကျေးဇူးတင်ရော့၊ ခုတော့ဖြင့် ထပါလေ၊ အကျွန် အစည်းအဝေးသွားရန်ရှိစ"

"ဟုတ်ကဲ့ ထမယ် ထမယ်နော်"

ခွန်နှောင်းသည် ဦးသာထွက်သွားသည့် အချိန်အထိ အိပ်ယာပေါ်တွင် ငူငူငေါင်ငေါင်ထိုင်နေမိသည်။ သူ့အောင်စာရင်းအခြေအနေလည်းသူမသိရပါ။ မေမေကိုလည်း သူလွမ်းပါသည်။ ဖေဖေကိုလည်း သူသတိရပါသည်။ မျက်ရည်တစ်စက်က လက်ဖမိုးပေါ် ပေါက်ကနဲကျလေသည်။

"သား ဟိုကိုပြန်ချင်ပြီ မေမေ"

~~~~~~~

ဦးသာ ထမင်းဝိုင်းတွင် ထိုင်ပြီး မကြာမီ ခွန်နှောင်း အပေါ်မှ ဆင်းလာလေသည်။

"လူကြီး ကျွန်တော် ဆင်းလာပြီ"

စိုင်းနောင်သည် စော်ဘွားငယ်အား လူကြီး လူကြီး ခေါ်နေသော ခွန်နှောင်းကို စကားပြင်ပေးချင်လေသည်။ သို့သော် စော်ဘွားငယ်၏ မျက်နှာသည် အပြစ်ယူလိုခြင်း အလျဉ်းရှိမနေ။ ထို့ကြောင့် စိုင်းနောင် ဝင်မပြောတော့ချေ။

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now