၁၆

24.2K 3K 76
                                    

(Unicode)

မိုင်းပွန်မှ တောင်ကြီးကို ခရီးဆက်ရာတွင် အနည်းငယ် ခရီးလှမ်းပါသည်။ တောင်ကြီး တည်းခိုအိမ်သို့ရောက်သောအခါ ခွန်နှောင်းသည် အိပ်ယာပေါ်သို့သာ ခန္ဓာကိုယ်ကို ပစ်ချလိုက်တော့သည်။

"ခရီးသွားရတာ ပင်ပန်းတယ်ဗျာ"

"ဆိုတော့ ရောက်နေရော့ပြီလေ၊ ခွန်နှောင်းရယ်"

ပက်လက်ကလေးလှဲနေသော ခွန်နှောင်း၏ မျက်နှာပေါ်တွင် ဝဲကျနေသော ဆံပင်နုနုလေးများအား ဦးသာက အသာအယာ လက်ဖြင့် သပ်ပေးတော့ ခွန်နှောင်းက ပြုံးကာ ဦးသာပေါင်ပေါ် မျက်နှာအပ်ပေသည်။

"ကလေးလေးကျလို့ ဆံပင်လာသပ်ပေးနေတယ်"

"ကလေးလေးကျလို့ ပေါင်ပေါ်တက်အိပ်နေရော့တယ်"

စူပုပ်ကာ လူကြီးမျက်နှာကို ကြည့်တော့ ခပ်ဟဟသာရယ်လေသည်။ အင်း လူကြီးဟာ တအားကို ခန့်ညားလွန်းလှပါသည်။ ပေါင်ပေါ်မှ ခေါင်းဖယ်ကာ ဘေးတစ်ဖက်တစ်ချက်ကို အနည်းငယ်တိုးပေးလိုက်လေသည်။

ခရီးထွက်လာတာ သူတစ်ယောက်တည်းမှမဟုတ်တာ။ လူကြီးလည်း နားချင်နေမှာပေါ့။

"လာ ဒီဘေးကို၊ ကျောလေးဘာလေးဆန့်ပါဦး"

ခွန်နှောင်းတို့အခုရောက်ရှိနေသည်မှာ တောင်ကြီးမြို့မှ စဝ်စံမိသားစု၏ တည်းခိုအိမ်ဖြစ်သည်။ အိမ်တွင်အိမ်စောင့်လင်မယားသာရှိပြီး မိုင်းပွန်မှ ထွက်လာရာတွင် အကိုစိုင်းနောင်သာ ပါသောကြောင့် အားလုံးပေါင်း ငါးယောက်သာ။ လွတ်လွတ်လပ်လပ်နေလို့ရသည်မို့ ဦးသာသည် ကုတင်တစ်ဖက်ခြမ်းသို့သာ လှဲချလိုက်တော့သည်။

"လူကြီးအသက် ဘယ်နှနှစ်တုန်း"

"ကိုယ့်ဆိုင်သူ အသက်တောင် အခုမှမေးရော့လေသလား"

"ဪ ပြောဆို၊ ဘယ်နှနှစ်လဲ"

"နှစ်ဆယ်ကျော်ကိုမှ နှစ် ပြန်စွန်းလေတယ်"

"ကျွန်တော်နဲ့အများကြီးကွာတာပဲ"

"ခွန်နှောင်းကရော"

"တွေ့လား လူကြီးလည်း အခုမှမေးတာမလား"

နောက်တစ်ကြိမ်ခပ်ဟဟ ရယ်ပြန်တော့ ခွန်နှောင်းသည် ငေး၍သာ ကြည့်မိတော့သည်။

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now