35.9K 4.1K 140
                                    

(Unicode)

ခွန်နှောင်းသည် ဤအိမ်ကြီးရခိုင်တွင် ဧည့်သည်တစ်ယောက်သာဖြစ်သည်။ ထို့ပြင် ဒီနေရာနှင့် အနည်းငယ်မျှမအပ်စပ်သော နေရာမှ လာခဲ့ခြင်းဖြစ်၏။

အိမ်ကြီး၏ ဧည့်ခန်းဟုထင်ရသောနေရာတွင်မူ
လူအများက ပန်းပြင်၊ သစ်သီးပြင်လုပ်နေကြသည်ဖြစ်ရာ သူက လူပိုတစ်ယောက်အဖြစ် လုံးဝအပ်စပ်မှုမရှိချေ။ ထို့ကြောင့် သူနဂိုက ရှိနေခဲ့သော အခန်းထဲသို့ ပြန်ဝင်ရုံသာ ရှိလေသည်။

အပေါ်ထပ်သို့ ခြေလှမ်းခပ်ဖွဖွနင်းကာ တက်ခဲ့တော့ စဝ်စံဦးသာဆိုသူက စွပ်ကျယ်နှင့်ရှမ်းဘောင်းဘီတို့ လဲဝတ်ပြီး ခုံပေါ်တွင် သတင်းစာ ထိုင်ဖတ်နေလေသည်။

"အဆွေ တဆိတ်လောက် လာစ"

လှမ်းခေါ်သည်ဟု ထင်၍ အနားသွားတော့ ခွန်နှောင်းကို မျက်လွှာဝင့်ကာကြည့်ပါ၏။

"ထိုင်လေစ၊ မယ်မယ်ဘုရားတို့ရှိရင်ဖြင့် ဆင်ခြင်လေ၊ ခုတော့ဖြင့် တန်းတူထိုင်လေစ"

မည်သို့ပါလိမ့်။ စော်ဘွားတို့သွေးကြီးကြောင်း သမိုင်း၌သင်ခဲ့ရသော်လည်း ထိုင်ခုံမှာထိုင်သည်ကိုတောင် အရိပ်အခြေကြည့်ရသတဲ့လား။ ခွန်နှောင်းကို အခုလိုကြောလို့ရမည်ထင်နေသလားလေ။

"ဒီမှာ ဟေ့လူကြီး၊ အောက်မှာထိုင်ရအောင် ကျွန်တော်က အစေခံလည်းမဟုတ်ဘူးဗျ၊ ခုံမှာပဲထိုင်မှာပေါ့ ကြီးကြီးကျယ်ကျယ်"

"ဘာ !"

"ဟုတ်တယ်လေ၊ ဘာများမှားပြောမိလို့လဲ"

ဦးသာ စိတ်ကို တစ်ထစါလျော့လိုက်ရသည်။ ဒီငတိလေးက သူများအိမ်ကိုလည်း ရောက်လာသည့်အပြင် မယ်မယ်ဘုရားတို့ စည်းကမ်းကြီးပုံကို မသိဘဲ လျှောက်ပြောနေသေးသည်။

"စကားကို ရိုရိုသေသေဆိုလေစ၊ အဆွေ့ နာမည်က"

"သျှန်ခွန်နှောင်း၊ ခွန်နှောင်းလို့ခေါ်လို့ရပါတယ်"

"မှတ်ဉာဏ်ဆုံးတယ်သာ ပြောရော့တယ်၊ နာမည်တော့ ကျန်လေစ"

"အာ၊ နာမည်ကတော့ သိတာပေါ့ဗျ၊ ပြောရင်းနဲ့တောင် ခေါင်းကိုက်လာပြီ"

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now