၁၀

27.2K 3.6K 12
                                    

(Unicode)

ဒီရက်ပိုင်း ဦးသာ ခွန်နှောင်းကို ရှောင်နေမိသည်။ နန်းစော ပြောစကားများကလည်း စိတ်ထဲ ထင့်စရာဖြစ်နေသည်။

စဝ်စံဦးသာဆိုသော စော်ဘွားငယ်သည် ဘယ်သောအခါမှ တွေဝေခြင်းမရှိခဲ့ဖူးချေ။ သို့သော် ယခုအခါတွင် ချီတုံချတုံဖြင့်သာ။

မေတ္တာတချို့ကို အရောင်မစွန်းစေချင်၊ မည်သည့်အရောင်မှ မညစ်ပေစေချင်။

တစ်အိမ်တည်းရှိနေသော်လည်း မျက်နှာချင်း မဆိုင်မိခြင်းအပေါ် ခွန်နှောင်း စိတ်ကွက်နေပေလိမ့်မည်။ သို့သော် ဦးသာသည် ဒုတိယ ဦးလေးငယ် မဖြစ်လို။

အတွေးစတို့က အတိတ်သို့ပြန်လွင့်သောအခါ ဖမ်းဆွဲထားလိုက်ရလေသည်။

"စော်ဘွားငယ်"

"လာရော့ စိုင်းနောင်၊ အဘယ်အရေးကိစ္စများ ရှိလေစ"

"ခွန်နှောင်းလေး ဖျားရော့ထင့်၊ ပူခြစ်တောက်နေတာ အကျွန်တို့လည်း မတတ်နိုင်လေရော့"

စိတ်အလုံးစုံကို အစိုးမရသောအခါ ခွန်နှောင်းအခန်းသို့ ခြေလှမ်းရတော့သည်။ ခွန်နှောင်းသည် အမှန်တကယ်ပင် ဖျားနာနေခဲ့ပါသည်။ နှုတ်ခမ်းများခြောက်သွေ့ကာ ချွေးတို့စိုရွှဲနေခဲ့သော ကောင်လေးကို အရင်ဆုံး အဝတ်လဲပေးရန်ပြင်ရလေသည်။ သမားတော်ပင့်ရန် ဘွားဥမြေး ကျော်ကျော်အား လွှတ်ကာ ဦးသာက အဝတ်ထုတ်လဲပေးခဲ့သည်။ ရေပတ်ဝတ်တင်ကာ ဆရာဝန်ရောက်လာသည်အထိ ဦးသာသည် ခွန်နှောင်းအနားနေခဲ့သည်။

"လူကြီး ..ကျွန်တော် ..ချမ်းတယ်"

မေးဖျားရိုက်မတတ်ပြောနေသော ကောင်လေးသည် စောင်နှစ်ထပ်ခြုံထားသော်လည်း အအေးဒဏ်ကို မကျော်လွန်နိုင်သေးပါ။

"အင်း၊ အကျွန် ထွေးပွေ့ထားပေးပါလိမ့်"

ကောင်လေး၏ ကိုယ်ငယ်လေးသည် ဦးသာရင်ခွင်ထဲတွင် အံဝင်ခွင်ကျဖြစ်စွာ။ စိတ်ပူပင်ခြင်းနှင့် မေတ္တာရှိခြင်း ကွဲကွဲပြားပြားဖြစ်ရန် လိုအပ်ပေသည်။

သမားတော်လာပြီးနောက် ဦးသာ အခန်းပြန်ခဲ့တော့လေသည်။

~~~~~~

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now