၁၃

25.9K 3.2K 12
                                    

(Unicode)

"ကမ္ဘာပေါ်မှာ ကျွန်တော့်လူကြီးကအကောင်းဆုံး"

လက်မလေးတစ်ချောင်း ထောင်ကာ ပြုံးပြီးပြောနေသော ခွန်နှောင်းလေးက ချစ်ဖွယ်ရာအတိ။ ကျန်လက်တစ်ဖက်ကတော့ ကြံရည်အိတ်ကိုင်ထားရ၍မအား။

"ဝမ်းပျက်ရော့မယ် ခွန်နှောင်းရယ်"

"ဪ ဒုက္ခ၊ လူကြီး ဝယ်တိုက်တုန်းပဲသောက်ရတာ၊ ဝမ်းပျက်တော့လည်း လူကြီး အိမ်သာလိုက်ပေးပေါ့ ဟဲဟဲ"

"ခွန်နှောင်းက ဆိုးလေစ"

"ဆိုးဆိုးလေးမို့ ချစ်နေတာမလား"

စျေးရုံအနောက်ဘက်လမ်းတွင် ဦးသာနှင့် ခွန်နှောင်းသာ ရှိလေသည်။ စျေးသည်များပင်မရှိသော ထိုလမ်းကလေးက ကျေးငှက်တို့ အော်သံများဖြင့် ပြည့်နှက်လျက်။ ကြံရည်ကုန်တော့ ခွန်နှောင်းက အမှိုက်ထည့်သော ကြိမ်ခြင်းတောင်းထဲတွင် သွားပစ်ကာ ဦးသာလက်ကို လာတွဲလေသည်။

လက်တွဲပုံကလည်းအဆန်း ဘဦးသာ၏ လက်သန်းလေးကို ခွန်နှောင်းက ဆုပ်ကိုင်ထားသည်။

"တစ်ခါမှ .. တစ်ခါမှ မတွဲဖူးရော့၊ ဘယ်သူနှင့်မှ"

"လူကြီးက ရိုးသားလိုက်တာဗျာ"

"ခွန်နှောင်းရော ရန်ကုန်မှာ"

"ဘာတုန်း ခင်ဗျားကြီးက first love နော်၊ အပိုတွေလျှောက်မတွေးနဲ့"

လူဝင်ဆံ့သော စော်ဘွားမျိုးဖြစ်ပြီး လွတ်လပ်ရေးမရခင်အထိ အင်္ဂလိပ်လူမျိုးများနှင့် ပတ်သတ်ခဲ့ရသောကြောင့် အင်္ဂလိပ်လို ကျွမ်းကျင်နေသော ဦးသာသည် ထိုစကားကို မသိစရာအကြောင်း မရှိ။

တစ်ချက်ပြုံးမိတော့ ခွန်နှောင်းက အသံအကျယ်ကြီး အော်ရီပါသည်။

"ဟားဟားဟား၊ ရှက်ပြန်ပြီဗျာ၊ ဘယ်လိုလုပ်ရမတုန်း၊ ဒီလူကြီးကိုလေ ပါးစပ်ထဲထည့်ပြီး ဗိုက်ထဲသိမ်းထားချင်တယ်"

"အကျွန်ကတော့ ခွန်နှောင်းကို နှလုံးသားထဲ သိမ်းထားချင်လေရော့"

"အား စကားသိပ်တတ်တာပဲ ဒီစော်ဘွားက၊ ချစ်လို့သေတော့မယ်"

ကျော်ကျော်ကို အရင် ပြန်လွှတ်လိုက်လို့တော်သေးသည်။ တော်ကြာ ဒီလိုကြည်နူးစရာ အချိန်တွေ မရလိုက်ရင် ခက်သားလား။

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now