အၫႊန္း

15.2K 852 41
                                    

လြန္ခဲ့သည့္ေၿခာက္လက ထိ၍ကုိင္၍မရသည့္အနက္ေရာင္ေမ်ွာ္စင္ေပါင္း
ကမာ႓အနွံ ့တြင္ သိန္းခ်ီကာ ေပၚထြက္လာခဲ့သည္ ။ ဓာတုေဗဒပညာရွင္မ်ား၊ ရူပေဗဒပညာရွင္မ်ား၊ ဘာသာေရးအယူ၀ါဒီသမားမ်ား…စသၿဖင့္ မ်ားစြာမ်ားစြာေသာလူတုိ့မွာ ဘာလုပ္ရမည္မွန္း မသိၿဖစ္ခဲ့ၾကရသည္ ။

ေၿခာက္လၾကာၿပီးေသာ္ အားလံုးက ထိုေမွ်ာ္စင္တုိ့နဲ ့ အသားက်လာၿပီး စိတ္၀င္စားၾကၿခင္း အလ်ဥ္းမရွိၾကေတာ့ ။

တစ္ေန ့တြင္….

တန္ မို …
ပုိးေကာင္တစ္ေကာင္ ထိုေမွ်ာ္စင္ကေန ၿဖတ္ပ်ံသန္းသြားရမည့္အစား
ထုိေမွ်ာ္စင္ထဲ အဆြဲသြင္းခံလုိက္ရသည္ကုိ ၿမင္လုိက္ရသလုိ…။

ေနာက္တစ္ေန ့တြင္….
ကေလးသံကဲ့သုိ ့ စူးရွရွ က်ယ္က်ယ္ေလာင္ေလာင္အသံတစ္သံက လူသားမ်ားအားလံုးကုိ ေၾကညာခ်က္တစ္ခု ထုတ္ၿပန္လာေခ်သည္ ။

“တင္း ေတာင္…နုိ၀င္ဘာ ၁၅ ရက္ေန ့ ၂၀၁၇ ခုနွစ္။
ကမာ႓ေၿမက အြန္လုိင္းေပၚ တက္သြားပါၿပီ”

အနက္ေရာင္ေမ်ွာ္စင္၏သံမဏိစည္းကမ္းသံုးခ်က္ ။
၁။ အနက္ေရာင္ေမ်ွာ္စင္ထဲက ပုစၧာအားလံုးကုိ ေၿဖရွင္းရမည္။
၂။ ၆ နာရီ မွ ၁၈ နာရီအတြင္းက ဂိမ္းကစားခ်ိန္ ၿဖစ္မည္ ။
၃။ ကစားသမားမ်ားအားလံုး ေမ်ွာ္စင္ၾကီးကို အနုိင္ရေအာင္ တုိက္ၾကပါ ။

🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟

အားလံုးပဲ ဇာတ္လမ္းေလးကို ႏွစ္ေထာင္းအားရျဖစ္ဖို႔ ေမွ်ာ္လင့္ပါတယ္ ။ Normal ေရးေနရာကေန
Bl ေရးဖို႔ စိတ္ကူးျဖစ္ေနတာ ေတာ္ေတာ္ၾကာပါၿပီ ။ ဒီဇာတ္လမ္းေလးက review အရမ္းေကာင္းေကာင္း ရထားတဲ့ဇာတ္လမ္းေလး ျဖစ္တာရယ္ ၊
ဒီဇာတ္လမ္းထဲမွာပါတဲ့ ဂိမ္းေတြက ဖတ္မိတဲ့သူရဲ႕စိတ္ကို သိခ်င္ေအာင္ ဆြဆြေပးႏိုင္တာေၾကာင့္ရယ္..
Rating 4.7 ၀င္ထားတဲ့ဇာတ္လမ္း
ျဖစ္တာေၾကာင့္ရယ္.. အေၾကာင္းေၾကာင္းရယ္ေၾကာင့္ သာသာ ဘာသာျပန္ဖို႔ကို ေရြးျဖစ္သြားပါတယ္ ။
အပိုင္းက စုစုေပါင္းကို ၂၄၅ ပိုင္း ရိွပါတယ္ ။
သာသာ အဆံုးထိ ဘာသာျပန္ေပးသြားမွာ ျဖစ္လို႔  စိတ္ခ်လက္ခ် ဖတ္႐ႈလို႔ ရပါတယ္ ။
ကဲ... အခုေတာ့ အပိုင္း ၁ ေလးကို သြားဖတ္လိုက္ၾက ရေအာင္ပါေနာ္ ။

အခ်စ္မ်ားစြာျဖင့္
Goddess

👸👸👸

Unicode

လွန်ခဲ့သည့်ခြောက်လက ထိ၍ကိုင်၍မရသည့်အနက်ရောင်မျှော်စင်ပေါင်း
ကမ္ဘာအနှံ့တွင် သိန်းချီကာ ပေါ်ထွက်လာခဲ့သည် ။ ဓာတုဗေဒပညာရှင်များ၊ ရူပဗေဒပညာရှင်များ၊ ဘာသာရေးအယူဝါဒီသမားများ…စသဖြင့် များစွာများစွာသောလူတို့မှာ ဘာလုပ်ရမည်မှန်း မသိဖြစ်ခဲ့ကြရသည် ။

ခြောက်လကြာပြီးသော် အားလုံးက ထိုမျှော်စင်တို့နဲ့ အသားကျလာပြီး စိတ်ဝင်စားကြခြင်း အလျဉ်းမရှိကြတော့ ။

တစ်နေ့တွင်….

တန် မို …
ပိုးကောင်တစ်ကောင် ထိုမျှော်စင်ကနေ ဖြတ်ပျံသန်းသွားရမည့်အစား
ထိုမျှော်စင်ထဲ အဆွဲသွင်းခံလိုက်ရသည်ကို မြင်လိုက်ရသလို…။

နောက်တစ်နေ့တွင်….
ကလေးသံကဲ့သို့ စူးရှရှ ကျယ်ကျယ်လောင်လောင်အသံတစ်သံက လူသားများအားလုံးကို ကြေညာချက်တစ်ခု ထုတ်ပြန်လာချေသည် ။

“တင်း တောင်…နိုဝင်ဘာ ၁၅ ရက်နေ့ ၂၀၁၇ ခုနှစ်။
ကမ္ဘာမြေက အွန်လိုင်းပေါ် တက်သွားပါပြီ”

အနက်ရောင်မျှော်စင်၏သံမဏိစည်းကမ်းသုံးချက် ။
၁။ အနက်ရောင်မျှော်စင်ထဲက ပုစ္ဆာအားလုံးကို ဖြေရှင်းရမည်။
၂။ ၆ နာရီ မှ ၁၈ နာရီအတွင်းက ဂိမ်းကစားချိန် ဖြစ်မည် ။
၃။ ကစားသမားများအားလုံး မျှော်စင်ကြီးကို အနိုင်ရအောင် တိုက်ကြပါ ။

🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟

အားလုံးပဲ ဇာတ်လမ်းလေးကို နှစ်ထောင်းအားရဖြစ်ဖို့ မျှော်လင့်ပါတယ် ။ Normal ရေးနေရာကနေ
Bl ရေးဖို့ စိတ်ကူးဖြစ်နေတာ တော်တော်ကြာပါပြီ ။ ဒီဇာတ်လမ်းလေးက review အရမ်းကောင်းကောင်း ရထားတဲ့ဇာတ်လမ်းလေး ဖြစ်တာရယ် ၊
ဒီဇာတ်လမ်းထဲမှာပါတဲ့ ဂိမ်းတွေက ဖတ်မိတဲ့သူရဲ့စိတ်ကို သိချင်အောင် ဆွဆွပေးနိုင်တာကြောင့်ရယ်..
Rating 4.7 ဝင်ထားတဲ့ဇာတ်လမ်း
ဖြစ်တာကြောင့်ရယ်.. အကြောင်းကြောင်းရယ်ကြောင့် သာသာ ဘာသာပြန်ဖို့ကို ရွေးဖြစ်သွားပါတယ် ။
အပိုင်းက စုစုပေါင်းကို ၂၄၅ ပိုင်း ရှိပါတယ် ။
သာသာ အဆုံးထိ ဘာသာပြန်ပေးသွားမှာ ဖြစ်လို့  စိတ်ချလက်ချ ဖတ်ရှုလို့ ရပါတယ် ။
ကဲ... အခုတော့ အပိုင်း ၁ လေးကို သွားဖတ်လိုက်ကြ ရအောင်ပါနော် ။

အချစ်များစွာဖြင့်
Goddess

ကမ႓ာႀကီး အြန္လိုင္းေပၚ တက္သြားၿပီ ကမ္ဘာကြီး အွန်လိုင်းပေါ် တက်သွားပြီ Where stories live. Discover now