အခန်း ၇
1.5K 407 27
သူမလေး၏ဒေါသထွက်နေဟန်ကို ထုတ်ပြလာပြီးနောက် နဂိုမူလ မျက်နှာပြောင်ပုံစံကို ပြန်ပြောင်းသွား၏။
တန်မိုကို ထိုမီးခြစ်ဆံဘူးကြီး ပေးလိုက်ပြီး စာအုပ်စင်၏ဟိုးအတွင်းဘက်ဆီ ပြေးထွက်သွားလေပြီ ။ သူမလေး၏ကျစ်ဆံမြီးမှာ တစ်ချက်ခုန်လိုက်တိုင်း ဘယ်ညာယိမ်းနွဲ့ လျက်။ သို့ အတိုင်း သူမလေးသည် စာအုပ်စင်ရှိရာဆီ တိုးဝင်ပျောက်သွားတော့၏ ။
“တင်း တောင်  !  ‘ငါ့စာအုပ်ကို ဘယ်သူ ခိုးသွားတာလဲ’ ဂိမ်း ပြီးသွားပါပြီ”
“အနိုင်ရရှိသွားတဲ့သူက ဆုရပါမယ်…”
“ဒီကစားပွဲမှာ အနိုင်ရရှိသွားတဲ့ ကစားသမား တန်မိုက  ‘မီးခြစ်အကြီးကြီး’ နဲ့  ‘မျက်နှာပြောင်မိန်းကလေးရဲ့စိတ်ဆိုးခံရတာ’ကို ဆုလက်ဆောင် ရသွားပါပြီ”
“ကစားသမား ချန်းဖန်ကျဲ့ က ကစားပွဲမှာ ရှုံးနိမ့်သွားပါတယ်”
ကြည်လင်ရှင်းလင်းလှသည့်ကလေးသံလေးသည် စာကြည့်တိုက်ကြီးထဲတွင် လွင့်ပျံလာပြီး တန်မိုနှင့် ဂျင်းကောင်၏နားထဲ တိုးဝင်လာသည် ။ ဂိမ်းတို့ မည်သည် ဆုပေးဒဏ်ပေးစနစ် ရှိသည်ချည်းသာ ဖြစ်သည် ။ အွန်လိုင်းဂိမ်းတို့ သည်ပင် ဆုပေးသည့်စနစ် ရှိသည်ဖြစ်၏ ။ ထို့ ကြောင့် ထိုမီးခြစ်ဆံကြီးကို ဆုအဖြစ်ရလိမ့်မည်ကို
တန်မို တွေးဆထားပြီးသားပင် ။
သို့ သော်
‘မျက်နှာပြောင်မိန်းကလေးရဲ့စိတ်ဆိုးခံရတာ’ ဆိုတာက ဘာကြီးလဲ ။
အဲ့ဒါက ဒီဂိမ်းအတွက် ပေးထားသည့် သဲလွန်စ မဟုတ်လေသလော ။
ထိုသည်ကလည်း ဆုဖြစ်နေသည်လော ။
တန်မို၏မျက်နှာ ဖြူရော်သွားပြီး ရင်ထဲ ရှုပ်ထွေးလာသည် ။ သူ့ ထက် အခြေအနေပိုဆိုးနေသူမှာ ဂျင်းကောင် ။
ဂျင်းကောင်သည် ရှုံးနိမ့်ထားသူ ဖြစ်၏ ။ ဆုပေးစနစ်အပြင် ဒဏ်ပေးစနစ်လဲ ရှိတတ်သေးသည် မဟုတ်ပါလား ။ သာမန်လောင်းကစားပွဲတို့ သည်ပင် ရှုံးသွားလျှင် ပိုက်ဆံတို့  ကုန်သွားတတ်သေးသည် ။ ဤအနက်ရောင်မျှော်စင်ဂိမ်းတွင် ရှိနေမည်ဆိုလျှင်ရော…ဘာဖြစ်လာလိမ့်မည်နည်း ။ ထိုသည်ကို မည်သူမှ မသိကြပေ ။