အခန်း ၁
6.2K 688 34
မနက် ၉ နာရီအချိန်သည်ကား စာကြည့်တိုက်ဖွင့်ချိန် ။ စာကြည့်တိုက်ရှေ့ တွင် လူ ၇ ယောက် ၈ ယောက်ခန့်  စောင့်နေကြသည် ။ စနေတနင်္ဂနွေပိတ်ရက်ရောက်တိုင်း မိဘများက ကလေးများကို လက်ဆွဲကာ
ဤမြို့ တော်စာကြည့်တိုက်တွင် လာရောက်စာဖတ်ရှု တတ်ကြပေသည် ။  ပုံမှန်ဆိုလျှင်တော့ စာကြည့်တိုက်သို့  လာရောက်စာဖတ်ကြသူများမှာ ပင်စင်ယူထားပြီးသား အငြိမ်းစားအိုကြီးအိုမများသာ ဖြစ်ကြလေသည် ။
စာကြည့်တိုက်၏အပြင်ဘက်တွင် ၀င်လာသူ၊ ပြန်ထွက်သွားသူများဖြင့် တဖွဲဖွဲ။ လူအတိရှုပ်ယှက်ခတ်နေသည် ။ သို့ သော်
စာကြည့်တိုက်ထဲတွင်ကား တိတ်ဆိတ်ငြိမ်သက်လှပါ၏ ။ ကြားနိုင်သည့်အသံတို့ မှာ စာရွက်တဖျတ်ဖျတ် လှန်လှောသံတို့ သာ ။
၁၀ နာရီအချိန်…။
စာကြည့်တိုက်သို့  ရောက်လာကြသူမှာ တစတစ ပိုများပြားလာလေပြီ ။
တန်မိုသည် စာအုပ်များကို စစ်ကြည့်ဖို့အလို့ ငှာ ကွန်ပျူတာရှေ့  ထိုင်ချလိုက်သည် ။
ဘယ်ဘက်လက်ကို ကီးဘုတ်ပေါ် တင်လိုက်ပြီး စာအုပ်စာရင်းတို့ ထဲ ၀င်ကြည့်လိုက်ရင်း…ညာဘက်လက်ကတော့ အတည်ပြုသည်ကို နှိပ်ဖို့ ရာ အတွက် မောက်စ်ပေါ်တွင် အသင့် ။
အားလုံး လုပ်ပြီးသွားသည့်နောက် တန်မို ခေါင်းမော့လာသည် ။
“ဒေါ်လေး စာအုပ်ငှားထားတာ ၁ လ ရှိပြီ။
ဖတ်လို့ မပြီးသေးဘူးလားခင်ဗျာ”
သူ့ အရှေ့ ကအဒေါ်ကြီးသည် ပြုံးပြလာကာ ခေါင်းကိုခါယမ်းပြလာသည် ။
“မပြီးသေးဘူးကွယ် ။ အဒေါ့်သားက အခုထိ ဖတ်နေတုန်းပဲ ကွယ့်။ တစ်လအတွင်း စာအုပ်ပြန်မအပ်ရင် တစ်ခုခုဖြစ်နိုင်သလား”
တန်မို ရှင်းပြလိုက်သည် ။
“ဒီလိုပါ ဒေါ်လေး။ စာအုပ်အခမဲ့ငှားချိန်ကို တစ်လ ပေးထား ပါတယ် ။ တစ်လကျော်သွားပြီဆိုတာနဲ့  စာအုပ်ငှားခကို တစ်ရက်ကို ၁ ယွမ် နှုန်းနဲ့  ကောက်သွားမှာပါ”
တခနလောက် ရပ်လိုက်ပြီး ဆက်ပြောသည် ။
“တကယ်လို့  စာအုပ် ပျက်စီးပျောက်ဆုံးသွားခဲ့မယ်ဆိုရင် မူရင်းတန်ဖိုးအတိုင်း ပြန်လျော်ပေးရပါမယ် ။ ဒီစာအုပ်ရဲ့မူလတန်ဖိုးက ၈၂ ယွမ်ပါ”