စာစဉ် ၂ ( ၅ + ၆ )
1.7K 379 42
အခန်း ၅
ထိုဧရာမကြွက်ကြီးက ထိုဧရာမမီးခြစ်ဆံဘူးကြီး၏
ခေါင်းကို မီးခြစ်ဆံဖြင့် ညင်ညင်သာသာခြစ်နေသည် ။
ဖွားခနဲ မီးပွားတစ်ချက်ပွင့်ထွက်လာပြီး ဟုန်းခနဲ မီးထတောက်လေပြီ ။ ထိုကြွက်ကြီးသည် မီးခြစ်ဆံဘူးကို မြေကြီးပေါ် ချထားလိုက်ပြီး သူ၏ရှည်မောင်းသည့် လက်ကြီးဖြင့် ထိုအဓိပတိဖြစ်သော ကြက်ဆင်ကြီးကို ပက်လက်လှန်ပစ်လိုက်ကာ မီးပေါ်တင်ပြီး ကင်တော့လေပြီ ။
ထိုစဉ် တက္ကသိုလ်ကျောင်းသူဖြစ်သူက ထောင့်နားကို သွားလိုက်ပြီး လဲကျနေသည့်စားဖိုမှူးကို သွားအကဲခတ်ကြည့်လိုက်၏ ။
သူမလေး ခေါင်းပြန်မော့လာပြီး ပြောလာသည် ။
“သူ ဘာမှမဖြစ်ဘူး၊ သတိမေ့နေတာ”
တန်မိုနှင့်လီဝမ်တို့  လီပင်းကို ကူထူလိုက်ကြ၏ ။
ထိုသတိမေ့မျောနေသည့်စားဖိုမှူးကို ထည့်မတွက်ပါက ထိုဧရာမကြွက်ကြီးနှင့် ခပ်လှမ်းလှမ်းတွင် ထိုင်နေကြသည့် လူခြောက်ယောက် ရှိပေသည် ။
သို့ သော် အခုရောက်နေသည့် မြေအောက်ဂူကြီးမှာ သိပ်အကြီးကြီး မဟုတ်နေပေ ။ ထို့ ကြောင့် ဟိုးအဝေးဆုံးတွင် ရှိနေသည့်သူသည်ပင် မီးခြစ်သံနှင့် ထိုသင်းကြိုင်နေသည့်ကြက်ဆင်ရနံ့  သင်းသင်းလေးကို ရှူရှိုက်မိမည်မှာ မလွဲဧကန်ပင် ။
ထိုမျှသင်းပျံ့မွှေးကြိုင်သည့် ရနံ့မျိုးကို တန်မို တစ်ခါမှ မရှူရှိုက်ဖူးပါချေ ။
ကြက်ဆင်ကြီး၏အသားကနေ ဆီတွေ တဆတ်ဆတ် ထွက်လာကာ ရှိန်ဟုန်ညီးညီးတောက်နေသည့် မီးတောက်ထဲ ကျနေလေသည် ။ ထိုကြက်ဆင်ကြီး၏ သင်းပျံ့လှသည့် မွှေးရနံ့ က လူတိုင်း၏နှာသီးဝကို လာကလူကျီစယ်ခြင်းသမှု ပြုနေလေသည် ။ ကြက်ဆင်ကြီးသည်လည်း ကင်ပြီးသွားချေပြီဖြစ်သောကြောင့် ထိုမီးခြစ်ကိုလည်း ထပ်သုံးစရာ မလိုတော့ ပြီ ။
အဓိပတိမီးခြစ်ကြီးက လှိုင်ဂူကြီးကို တဖန်ပြန်လည် ထွန်းလင်းစေပြန်သည် ။
သို့ နှင့် အထဲတွင်ရှိနေကြသည့် လူခုနစ်ယောက်လုံး ထိုကြက်ဆင်ကြီးကို ပိုပြီး သဲသဲကွဲကွဲ မြင်လာကြရ၏ ။
You've reached the end of published parts.
⏰ Last updated: May 02, 2022 ⏰
Add this story to your Library to get notified about new parts!