အခန်း ၂
2.4K 503 22
ကမ္ဘာကြီး…
ထိုအခိုက်အတန့် ၊
လူသားများအားလုံး တန့် ခနဲ ရပ်တန့် သွားကြကာ
သူတို့ နှင့် အနီးဆုံးတွင် ရှိနေသည့် အနက်ရောင်မျှော်စင်ကြီးအား ကြည့်လိုက်မိကြသည် ။
ထိုမျှော်စင်ကြီးသည် ထိုမျှထိ အံ့မခန်းလိလိ ကြီးမားလွန်းလှမည်ဟု မတွေးထားမိခဲ့သည့်သူတို့ ခမျာ အခုတော့… ထိုမျှော်စင်ကြီးနှင့် ဘယ်လောက်ဝေးဝေးတွင် ရှိနေလင့်ကစား ၊ ထိုမျှော်စင်ကြီးပေါ်တွင် ရှိနေသည့် အပြာရောင်အစက်အပြောက်ကလေးကစ သဲသဲကွဲကွဲ မြင်နေကြရလေပြီ ။ ထိုအပြာရောင်အစက်အပြောက်တို့ သည် အရောင်တလက်လက် လင်းလက်နေပြီး တချက်တချက်တွင် စာလုံးများအဖြစ်
ဖွဲ့ တည်လာတတ်သေး၏ ။ ထိုမှတဖန် အပြာရောင်စာတန်းအဖြစ် အနက်ရောင်မျှော်စင်ကြီး၏ အလယ်ဗဟို ချက်ချာဆီသို့  စုစည်းရောက်လာကြလေပြီ --
“တင်း တောင်… ။ သုံးရက်အတွင်း…ကစားသမားအားလုံး တခြားကစားသမားတွေကို လိုက်ရှင်းရမယ် ။ ရှင်းနိုင်ရင် ရပြီ ဆိုပေမယ့် ရှင်းနိုင်တာနဲ့  ဂိမ်းပြီးသွားမှာတော့ မဟုတ်ဘူး”
လူများအားလုံးက ထိုကြည်လင်ပြတ်သားလှသည့်ကလေးသံလေးကို ကြားလိုက်ကြရခြင်း ဖြစ်သည် ။
တန်မိုသည် ၀ရံတာရှေ့တွင် ရပ်နေပြီး
ထိုမျှော်စင်ကြီးအား မျက်တောင်မခတ်စတမ်း စူးစိုက်ကြည့်နေသည် ။ အေးစက်လှသည့်လေညင်းတစ်ချက်သည် ၀ှီးခနဲ ဖြတ်တိုက်သွားသည့်တိုင် သူ၏နဖူးပြင်ထက်တွင်တော့ ချွေးတို့ မစို့ မပို့ ဖြင့် ။ ထိုအနက်ရောင်မျှော်စင်ကြီးကိုသာ မမှတ်မသုန်ကြည့်နေမိ၏ ။ ထိုမျှော်စင်ကြီးမှာ အခုတော့ နဂိုအခြေအနေသို့  ပြန်လည်ရောက်ရှိ သွားလေပြီ ။ ထိုအပြာရောင်စာလုံးတို့ နှင့် ထိုကလေးသံသည်လည်း ပျောက်ကွယ်သွားခဲ့လေပြီ ။
နာရီဝက်အကြာတွင် ၊ တန်မိုသည် စာကြည့်တိုက်ဝင်ပေါက်ဝဆီ ရောက်ရှိသွား၏ ။ မရေမတွက်နိုင်သော လူပေါင်းမြောက်များစွာတို့ သည် ထိုမျှော်စင်ကြီးနားတွင် ၀ိုင်းအုံနေကြကာ စာကြည့်တိုက်သို့  သွားမည့်လမ်း ကိုပင် ပိတ်ဆီးကာဆီးထားသလို ဖြစ်နေကြသည် ။