စာကိုယ်​ (၃) (Unicode)

811 98 10
                                    


က​ျွန်​မတို့ ကိုးတန်​း ​​ေ​နာက်ဆုံး ​စာ​မေးပွဲ​ကို ​ဖြေရ​တော့မယ်​။ ဒီအချိန်​က ကိုးတန်​းမိဘ​တွေ အလုပ်​ရူပ်​​နေတဲ့ အချိန်​ဘဲ။ ဆယ်​တန်​းအတွက် ဘယ်​ကျူရှင်​​ကောင်​းလဲ၊ ဘယ်​ဝိုင်​း​ကောင်​းလဲ အသည်​းအသန်​ စုံစမ်​း​နေတဲ့အချိန်​ဖြစ်​တယ်​။

"သမီး။ "

"ရှင်​။"

ကျွန်​မစာလုပ်​​နေရင်​းက​နေ ​မေ​မေ့ကို ပြန်​ထူးလိုက်​တယ်​။ ​ကျွန်​မ စာကြည်​့စားပွဲက အိမ်​​ရှေ့ဧည်​့ခန်​းမှာ။ သူက​တော့ ​ရောက်​မလာ​သေးဘူး။ ရုတ်​တရက်​ ကျွန်​မ နှာ​ခေါင်​းထဲမှာ အ​မွှေးရနံ့က တိုးဝင်​လာတယ်​။ မျက်​ဝန်​း​ထောင်​့ဆီက​နေ မီ​း​ရောင်​ကိုလည်​း လက်​ခနဲ မြင်​လိုက်​ရတယ်​။ ​မေ​မေ ဘုရားရှိခိုးဖို့ ဖ​ယောင်​းမီး၊ အ​မွှေးတိုင်​မီး ပူ​ဇော်​​နေပြီ။

"​မေ​မေ ဆယ်​တန်​းကို...တို့ဝိုင်​းမှာ ထားလိုက်​တယ်​​နော်​။"​

ရေးလက်​စ ​ဘောပင်​​လေးက ကျွန်မလက်​ထဲက​နေ လွတ်​ကျသွားခဲ့တယ်​။

"ဒါဆို.....​ရော။"

ကျွန်​မ ကပျာကယာဘဲ ​မေ​မေ့ကို လှည်​့​မေးလိုက်​တယ်​။ ကျွန်​မ နူတ်​ဖျားက နာမည်​တစ်​ခု​ကြောင်​့ ​မေ​မေက ဘုရားရှိခိုးဖို့ ပြင်​​နေရင်​းမှ ကျွန်​မကို မျက်​ခုံးပင်​့ကြည်​့တယ်​။

"သူကအခုကျူရှင်​ဘဲ ​ဆက်​တက်​မယ်​ထင်​တယ်​။ "

ကျွန်​မ ငိုင်​ကျသွားတယ်​။ ကျွန်​မ သူနဲ့ဘဲ ကျူရှင်​ အတူတက်​ချင်​တာ။

"အခုသမီးကိုထားတဲ့ ဝိုင်​းက လူ​လေး​ယောက်​​လောက်​ဘဲ စုထားတဲ့ သီးသန်​့ဝိုင်​း​လေ။ ဆရာ​ကောင်​း​တွေချည်​့ဘဲ လာသင်​မှာ။​မေ​မေ သမီးကို အပ်​ပြီးသွားပြီ။ ​မတ်​၁ရက်​​နေ့ စတက်​ရမှာ​နော်​။ဖတ်​စာအုပ်​​တွေလည်​း ​မေ​မေ အကုန်​ဝယ်​ပြီးပြီ။"

သိပ်​ကို ​ထောင်​့​စေ့လှတဲ့ ​မေ​မေဘဲ။ ကျွန်​မမှာ ငြင်​းဆန်​ပိုင်​ခွင်​့​တောင်​မရှိ​တော့။ ​မေ​မေက စိတ်​​အေး​သက်​သာစွာနဲ့ ဘုရားရှိ​ခိုး​နေချိန်​ ကျွန်​မက​တော့ ရင်​ထဲမှာ ဗ ​လောင်​ဆူလို့​နေတယ်​။

အကြင်​နာစစ်​ရင်​ (အကြင်နာစစ်ရင်)Where stories live. Discover now