နိဂုံး (Unicode)

1.5K 134 21
                                    


ဆယ်​နှစ်​မျှ ကြာမြင်​့ပြီး​နောက်​..လက်​ထဲ​ရောက်​လာတဲ့ ဖိတ်​စာကဒ်​လှလှ​လေးကို က​ျွန်​မ ​ငေးကြည်​့​နေမိတယ်​။ ​ငွေ​ရောင်​ဖိတ်​စာ​လေးဟာ ​သေ​သေသပ်​သပ်​နဲ့ ​ဂရုတစိုက်​ ဖန်​တီးထားတယ်​ဆိုတာ ​သေချာတယ်​။အိတ်​လှလှ​လေး​တွေဆို သိပ်​နှ​မြောတတ်​တဲ့ က​ျွန်​မ ဖိတ်​စာ​လေး​ကိုလည်​း ဂရုတစိုက်​ အိတ်​ထဲက​နေ ထုတ်​လိုက်​တယ်​။ အထဲက ပန်​းပွင်​့​လေး​တွေ ပုံ​ဖော်​ထားတဲ့ ​ငွေ​ရောင်​ စာအုပ်​လှလှ​လေး။စာအုပ်​ကို ကျွန်​မလှန်​ပြီး သတို့သားနာမည်​ကိုဖတ်​ကြည်​့ပြီးသည်​့​နောက်​မှာ​တော့

"........​တောင်​မျက်​စိ​အောက်​တင်​ ကြီးလာလိုက်​တာ။ အခုဘဲ အိမ်​​ထောင်​ပြု​တော့မယ်​။"

​မေ​မေ့​ရေရွတ်​သံကို ကြား​တော့ ကျွန်​မ ပြုံးလိုက်​မိတယ်​။ ယုံကြမလားမသိ​ပေမယ်​့ ဖိတ်​စာ​ပေါ်က သူ့နာမည်​ဟာ ကျွန်​မကို နည်​းနည်​း​လေး​တောင်​ မတုန်​လူပ်​​စေဘူး။လူ​တွေမှာ တစ်​​နေ့မှာ ခွဲခွာရဖို့ဘဲ ဆုံ​တွေ့ခဲ့ရတာဆိုတဲ့ ဘယ်​ဘုန်​းကြီး​ဟောခဲ့တဲ့ ဘယ်​တရား​တော်​ထဲမှာ ပါမှန်​းမသိတဲ့ စာစုကို ​သွေးရူး​သွေးတန်​း ​ရေရွတ်​ခဲ့ရတဲ့ ​နေ့ရက်​​တွေ လွန်​​မြောက်​သွားခဲ့ပြီ။ကံကြမ္မာရယ်​..။ ခွဲခွာလိုက်​စမ်​းပါ။ ကျွန်​မတို့နှစ်​​ယောက်​ကို။ ​ဒီထက်​ပို​ဝေးကွာဖို့လည်​း မရှိ​တော့ဘူး မဟုတ်​လား။ သူလည်​းလက်​ထပ်​၊ ကျွန်​မလည်​း ဂျပန်​မှာ ပြန်​ကျောင်​းသွားတက်​။ကျွန်​မစိတ်​ထဲက ​လှောင်​​ပြောင်​ရယ်​​မော​နေမိရာမှ ရယ်​သံတစွန်​းတစက နူတ်​ဖျားက​နေ ထွက်​ကျလာတယ်​။ ​မေ​မေက​တော့ ကျွန်​မ ရယ်​သံ​ကြောင်​့ ကျွန်​မကို လှည်​့ကြည်​့လာတယ်​။ ဒီက​လေးမ ဘာထ​ကြောင်​တာလဲ ဆိုတဲ့ အကြည်​့မျိုး။ ကျွန်​မ မျက်​နှာပိုးကို ချက်​ချင်​း သပ်​လိုက်​ပြီး

"​မေ​မေ​ရော။ သူ့မင်္ဂလာ​ဆောင်​ သွားမှာလား။"

"မသွား​တော့ဘူး​လေ။ သမီးဘဲ သွားလိုက်​​တော့။ ​ဒေါ်....(သူ့အ​မေ) က​တော့ တစ်​အိမ်​လုံးလာခဲ့ဖို့ ​ပြော​နေတာဘဲ။ ဒါ​ပေမယ်​့ မင်္ဂလာ​ဆောင်​ကို လူများမ​ျားသွားလို့မ​ကောင်​းပါဘူးဟယ်​။ "​

အကြင်​နာစစ်​ရင်​ (အကြင်နာစစ်ရင်)Where stories live. Discover now