အပိုင်း(၂)

847 81 0
                                    

(Unicode)
ကျောင်မသွားရတဲ့ပိတ်ရက်မို့ ကျန်းချန် အိပ်ရာထဲ၌ နှပ်နေသည်။မဖွင့်တပွင့် မျက်လုံးနဲ့ တိုင်ကပ်နာရီကို လှမ်းကြည့်တယ်။
"9နာရီ 9နာရီ ....."

"Arr!..9နာရီ!!!!!!!!"

ကုတင်ဘေးကခုံပေါ်မှာတင်ထားတဲ့ ဖုန်းကကြောက်စရာကောင်းလောက်အောင် တုန်ခါနေသည်။

"အားချန်!!!!! နင်အိပ်နေတုန်းလား!!?"

"မားမားကလည်း မအိပ်ပါဖူး ထွက်လာနေပြီ ကားပိတ်နေလို့"

‌"နောက်နာရီ၀က်အတွင်း ရောက်အောင်လာ အားချန်!!!!"

ကျန်းချန် ကဗျာကယာ အကျီ လဲပြီး မျက်နှာ သစ်ကာ အ ပြင်ထွက်ဖို့ သုတ်ခြေတင်ရန် တံခါးကို ခပ်မြန်မြန် ဝုန်းခဲနဲ ဆွဲဖွင့်လိုက်သည်။မထင်မှတ်ပဲ လူတယောက်က လူခေါ်ဘလ်နှိပ်ဖို့ လုပ်နေတာတွေ့သွားတယ်။
"ကျွန်တော်အပြင်သွားစရာရှိလို့ ဘာကိစ္စ ရှိလို့လဲ?"

မော့ကြည့်လာတဲ့ အဲ့လူရဲ့မျက်နှာကိုမြင်ရမှ ကျန်းချန်အံဩသွားသည်။

"ကိုယ်က ဟိုဖက်က အခန်းကိုပြောင်းလာတာပါ ဒီမုန့်ကလေး လာပေးတာပါ"

"အင်း ကျေးဇူး.. ကျွန်တော်ယူသွားလိုက်မယ် စိတ်မရှိပါနဲ့ အလျင်လိုနေလို့ပါ.."

သူပေးတဲ့ မုန့်ကို ယူလိုက်ပြီး ကျန်းချန် သုတ်ခြေတင်ရသည်။မနက်စာမစားရ‌ေသးတာလည်းမို့အဆင်‌ေပြတာ‌ေပါ့ ..။ခုအချိန်မှာ အရေးကြီးဆုံးက မားမားရဲ့လက် ကျော်‌ပြင်ပေါ်မရောက်ဖို့ပဲ!!

"ဟုတ်ကဲ့ ကောင်းကောင်းသွားပါ.."

အနောက်မှလှမ်းပြောတဲ့ သူ့ရဲ့ အသံကိုကျန်းချန်ကြားလိုက်သည်။ကမ္ဘာကြီးကကျဉ်းကျဉ်းလေးပဲ။ကိုယ်ချိုချဉ်ဗူး လု၀ယ်ဖူးတဲ့ သူက ကိုယ့်တိုက်ခန်းဘေးပြောင်းလာမယ်လို့ ဘယ်သူထင်မလဲ??

🍬🍬🍬 🍬 🍬

"မားမား !!"
ကော်ဖီဆိုင်ရဲ့ ‌ထောင့်တနေရာမှထိုင်နေတဲ့ မားမားကို ဆိုင်ပေါက်၀ကနေ လက်ယမ်းပြမိသည်။တော်ပါသေးရဲ့ နာရီ၀က် အတွင်းရောက်လို့!
စိတ်အလိုမကျမှု ပေါ်နေတဲ့ မားမားဆီကို ခပ်‌ေြဖး‌ေြဖးသာ လျှောက်သွားမိသည်။ဂုတ်ကိုမသိမသာပွတ်ရင်းမားမားရဲ့ရှေ့ခုံမှာ ၀င်ထိုင်လိုက်သည်။
"နာရီ၀က်အတွင်း ရောက်တယ်လေ!!မားမ.."

The dentist & the Sweets loverWhere stories live. Discover now