အပိုင်း(၈)

578 67 11
                                    

(Unicode)
"၀မ်ရင် ညနေက ဘာလို့ရောက်မလာတာလဲ?"

ရှီးချန် ဖုန်းတဖက်ကပြန်ဖြေလာမဲ့အသံကို အာရုံစိုက်ကာနား‌ေထာင်
ေနမိသည်။သူခံစားနေရတဲ့အကြောင်းအရာတွေကို ပြောပြချင်ခဲ့တာ‌ေြကာင့် တညနေလုံး စောင့်‌ခဲ့ပေမဲ့ ၀မ်ရင်ရောက်မလာခဲ့တာ‌ကြောင့် ရင်ထဲတွင်လေးလံနေသည်။

"ကျွန်တော် အဆင်ပြေသွားပြီမို့ ဆေးခန်းကို ဆက်မပြတော့ဖူး.."

အဆက်ပြတ်သွားခဲ့တဲ့ဖုန်းဖြေသံတခုနဲ့အတူ ရှီးချန် ကြောင်အစွာ ဖုန်းကိုကိုင်ထားမိသည်။၀မ်ရင်က အဆက်သွယ်ဖြတ်သွား ခဲ့တာလား??။၀မ်ရင် အခန်းဖက် အပြေးသွားကာ ဘဲလ် ကို အဆက်မပြတ်နှိပ်တီးခဲ့ပေမဲ့ တံခါးကပွင့်မလာခဲ့ပေ။တံခါးရှေ့‌တွင် ကျောမှီရက် ထိုင်ချလိုက်သည်။တညလုံး တံခါးရှေ့မှာထိုင်စောင့်နေခဲ့ပေမဲ့ ၀မ်ရင် အရိပ်အရောင် ကိုလုံး၀မတွေ့ရ‌ေသးပေ။တိတ်ဆိတ်လွန်းနေတဲ့ အခန်း‌ကြောင့် ၀မ်ရင် အထဲမှာ မရှိတာ သေချာလွန်းထိတိုင် မနက်အထိ တိုက်ခန်းဆီကို ၀မ်ရင် ပြန်မလာခဲ့ပေ။ဒူးခေါင်းတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း မျက်နှာကို ငုံ့ထားမိသည်။နာရီကို ကြည့်မိတော့ လက်တံတိုက 7 ကိုပင်ညွှန်ပြနေပြီ။မိုးစင်စင်လင်းသည်အထိ ရှီးချန်သည် ထိုနေရာမှ တချက်မရွေ့ပဲ ရှိနေသည်။စိတ်ထဲတွင်တော့ အခန်းပိုင်ရှင် ပြန်လာမည့် ခြေလှမ်းတွေကိုသာမျှော်လင့်နေမိသည်။

နီးစပ်ဖို့ ရွေးချယ်ခဲ့သမျှ ခြေလှမ်းတွေအားလုံးက အသုံးမ၀င်ခဲ့ဖူးလား....
အဲ့ဒီနေ့က အသိတ‌ေယာက်ရဲ့ကလေးအတွက် ချိုချဉ်၀ယ်ဖို့ ဆိုင်ထဲကို ၀င်သွားခဲ့ပေမဲ့ မျက်လုံးအဝိုင်းသားနဲ့ ချစ်ဖို့ကောင်းလွန်းအောင် ချိုချဉ်တွေကို လှည့်ပတ်ကြည့်နေတဲ့ ကောင်လေးကို မြင်တဲ့အခါ တချက်ကလေးတောင် အကြည့်မလွှဲခဲ့နိုင်ဖူး။သူကိုယ်တိုင်တောင် မသိလိုက်ခင်မှာပဲ ခြေလှမ်းတွေက အဲ့ကောင်လေး‌ရဲ့နောက်ကိုတောက်လျှောက်လိုက်နေပြီးသား ဖြစ်နေခဲ့သည်။ဗူးလေးဆီကို လက်လှမ်းသွားတဲ့ ကောင်လေးရဲ့လက်ကို စိုက်ကြည့်မိနေခဲ့သည်။သူ့ရဲ့လက်က ထိုကောင်လေး၏လက်ကို သွားရောက်ထိခတ်မိမှ အသိ၀င်လာကာ လက်ကိုရုတ်လိုက်မိသည်။
သူ့လက် ဘယ်လိုရောက်သွားမှန်းတောင်သူ မသိခဲ့ပေ။ရှီးချန် ခပ်ရှက်ရှက်နဲ့ ထိုချိုချဉ်ဗူးကို အတင်းလု၀ယ်ခဲ့လိုက်တော့တယ်။
ဒါ့အပြင် ထွက်သွားတဲ့ကောင်လေးကို ခွင့်ပြုချင်မယူပဲ ဓာတ်ပုံ‌တောင်ခိုးရိုက်ကာ သိမ်းထားမိလိုက်သည်။

The dentist & the Sweets loverWhere stories live. Discover now