အပိုင်း(၃)

594 65 0
                                    

(Unicode)
"ဟုတ်ကဲ့ အန်တီ ကျွန်တော်သေချာဂရုစိုက်‌ပေးပါ့မယ်.."
အမျိုးမတော်တဲ့ လန်ဆရာ၀န်ကို သူ့ကို ဂရုစိုက်ဖို့ မှာတမ်းချွေနေတဲ့ မားမား။ထပ်သိလိုက်ရတာက လန်ဆရာ၀န်က ပါးပါး သူငယ်ချင်းဦးလေး လန်ချီရန်ရဲ့ သားအကြီးဆုံးတဲ့လေ။
တိုက်ခန်းချင်းဘေးချင်းကပ်ရပ်နေတာကို သိသွားတဲ့မားမားကတော့ ထင်တဲ့အတိုင်း အမှာတွေတသီတတန်းကြီးနဲ့ ဖုန်းဆက်လာတာပဲ။ဟိုလူကြီးကလည်း "စိတ်ချပါ"၊ "ဂရုစိုက်လိုက်ပါ့မယ်"၊"ဟုတ်ကဲ့ပါ"နဲ့ ။ငါ့နှယ် မဂ်လာဆောင်ခါနီး အပျိုလေးကျနေတာပဲ။
"ခွီ.."
ကိုယ့်ဘာသာတွေးပြီးကိုယ်ရယ်ချင်သွားသည်။
Wait what??Arr!!!ငါဘာတွေတွေးနေတာလဲ?

"၀မ်ရင်"
".."
"၀မ်ရင်"
".."
ရုတ်တရက်သူ့ပခုံးကိုလှုပ်ကိုင်လိုက်တဲ့ လန်ဆရာ၀န်ကြောင့် ကျန်းချန်လန့်သွားသည်။

"အမေ့....ငါ မိန်းက‌ေလးမဟုတ်.."

လက်နဲ့ပါးစပ်ကိုအမြန်လှမ်းပိတ်လိုက်ရသည်။အတွေးလွန်နေတဲ့ အချိန် လန့်သွားရင် အတွေးထဲက စကားတွေကို ယောင်တတ်တာဒုက္ခတခုလို့ အရင်ကမတွေးခဲ့ပေမဲ့ ခုတော့ လုံး၀ကို ဒုက္ခကြီးတခုလို့ခံစားလိုက်ရတယ်။

"ဟို လန့်သွားတာလား ၀မ်ရင်က ကိုယ်ခေါ်နေတာ မကြားလို့ ကိုယ်ပခုံးကို လှုပ်လိုက်တာ ..."

"အတွေးလွန်သွားလို့! ဘာပြောမလို့လဲ ?ဆရာ"

လန်ဆရာ၀န်က အတွေးလွန်သွားလို့ ဆိုတဲ့စကားကို တချက်‌ေြကာင်အသွားပုံပြတယ်။ပြီး‌ေတာ့ ချက်ချင်းကြီးရုတ်တရက် နှုတ်ခမ်းတွေကို ကွေးညွှတ်ပြီး ပြုံးတယ်။

"ဟုတ်ကဲ့ ၀မ်ရင် ကျွန်တော်တို့
သွားကို စစ်ဆေးကြတော့မလား??"

"... အင်း"
ပြုံးလိုက်တာလား??ဒီလူဘာလို့ပြုံးလိုက်တာလဲလို့ကျန်းချန်မတွေးချင်တော့။
မတွေးချင်တာထက်အကြောင်းအရင်းကို သိနေတာကြောင့် ဆက်မတွေးချင်တာဆို ပိုမှန်မယ်။
ကိုယ်မျက်နှာကိုသာ ြဖတ်ရိုက်ချင်တော့တယ်။

💊 💉 💊 💉 💊 💉

"၀မ်ရင်ရဲ့သွားတွေကအတော်ပျက်စီးနေပြီ ကောင်းမွန်တဲ့သွားတွေ ဖြစ်လာစေချင်ရင်တော့ အချိုလျှော့စားဖို့လိုလိမ့်မယ်"

The dentist & the Sweets loverWhere stories live. Discover now