Part 1🐰🐯( zawgyi+unicode)

30K 1.5K 72
                                    

#Zawgyi version
မြူနှင်းမှုန်တွေ တသွင်သွင်ကျဆင်းနေတဲ့ ညရဲ့အချိန်တစ်ခုမှာချစ်ရသူရဲ့ လက်ကို ဆုတ်ကိုင်လျက် ဓားတို့ကိုကိုင်ဆောင်ကာအနောက်မှလာလိုက်သူအချို့ဆီမှ လွတ်မြောက်ရန် ပြေးလွှားနေခဲ့သော ကောင်လေးနှစ်ယောက်လဲရှိနေခဲ့တယ်
ပြေးရင်းလွှားရင်း ချောက်ကမ်းပါးတစ်ခုနားရောက်လာတဲ့အခါ

"Jeon ဘယ်လိုလုပ်ကြမလဲ သူတို့မှီလာကြတော့မယ်
Taeကြောက်တယ်"

ကြောက်လန့်နေ၍မျက်ဝန်းမှမျက်ရည်လေးများဝေ့သီနေသောချစ်ရသူရဲ့ လက်လေးနှစ်ဖက်အားဆုတ်ကိုင်လိုက်ကာ

"ကိုယ့်ကိုကြည့်Tae တကယ်လို့ ကိုယ်သာTaeအနားမှာ မရှိနိုင်တော့ရင် Taeက သေချာပေါက် ပျော်ပျော်ရွှင်ရွှင်နဲ့ အသက်ဆက်ရှင်ပါ့မယ်လို့ ကတိပေးပါ"

"ဟင့်အင်း ဘာတွေပြောနေတာလဲ Jeon
jeon ကဘာလို့Taeအနားမှာမရှိရမှာလဲ အဲ့လိုတွေမပြောပါနဲ့ Jeon Taeအရမ်းကြောက်လို့ပါ"

ချစ်ရသူခန္ဓာကိုယ်လေးအား လွတ်ထွက်သွားမတတ်ဖက်ထားလိုက်ကာ ကိုယ်လဲဘယ်ခွဲသွားချင်ပါ့မလဲ Taeရယ်

အတွေးတို့ပင်မဆုံးလိုက် သူတို့အားမှီလာခဲ့ပီဖြစ်သော လူတစ်ချို့က

"သခင်လေး Tae သခင်ကြီးကပြန်လိုက်ခဲ့ဖို့မှာလိုက်ပါတယ်"

"ဟင့်အင်း မလိုက်နိုင်ဘူး Jeonနဲ့မခွဲနိုင်ဘူး ဘယ်တော့မှလဲပြန်မလိုက်ဘူး"

ချစ်ရသူလက်အားတင်းကျပ်စွာဆုတ်ကိုင်ကာ အော်ပြောမိသည်

"ဟေ့ကောင်တွေ သခင်လေးကို မထိခိုက်စေနဲ့ ဟိုကောင်ကိုတော့အပြတ်ရှင်းကြ"

သူတို့ထဲမှခေါင်းဆောင်က ပြောလိုက်ပီဆိုလျင်ပဲ ချက်ချင်း Taeကိုဆွဲခေါ်ကာ Jeonကို အပြတ်ရှင်းဖို့ရာ ရိုက်နှက်ကြတော့သည်

Jeonသည် ကြံ့ခိုင်သန်မာသော်လည်း အများနှင့်တစ်ယောက်ဖြစ်သောကြောင့် တော်တော်ပင်အထိနာနေခဲ့ပီဖြစ်သည်

ထုရိုက်ကြရင်းမှ တစ်ယောက်က Jeonအား ဓားနဲ့ထိုးရန်အတွက် ရွယ်လိုက်စဉ်

ခေါင်းဆောင်ရဲ့လက်ထဲမှလွတ်မြောက်ရုန်းကန်နေတဲ့Tae တစ်ယောက် ချစ်ရသူကိုဓားနဲ့ထိုးတော့မည့်အဖြစ်ကိုမြင်သည့်အခါ ထိုလူလက်ထဲမှ ရုန်းကန်ကာ ချစ်ရသူဆီသို့ အပြေးရောက်သွားတော့သည်

အတိတ်ရဲ့နှောင်ကြိုး { TAEKOOK }Where stories live. Discover now