Part 9🐰🐯(zawgyi+unicode)

6.5K 732 105
                                    

#zawgyi

မုန်တိုင်းမစတင်ခင်လေပြေလာစမြဲဟူသော  စကားကိုကျွန်တော်ယုံကြည်လာမိသည်။

Tae ဘဝမှာ လေပြေက Jeon သာဆိုလျင် မုန်တိုင်းကရော ဘယ်အချိန်မှာ ဘယ်လိုပုံစံမျိုးတွေနဲ့ ဝင်ရောက်လာဦးမည်နည်း။

Tae တို့နှစ်ယောက်ရဲ့ကားလေး Taeအိမ်ရှေ့ကိုရောက်တော့ Jeon က

"ကဲ   ရောက်ပါပြီ ခင်ဗျ"

ပြောရင်း ချစ်စရာကောင်းအောင်ရီပြနေသည်။

Taeချစ်ရတဲ့Jeon က သည်လိုဆိုတော့လဲ ကလေးလေးတစ်ယောက်လို

" omm အိမ်ထဲမဝင်တော့ဘူးလား ခင်ဗျ"

သူစသလိုပြန်စတော့  " ဝင်စေချင်တော့လဲ ဝင်ရမှာပေါ့"တဲ့

အဲ့လူကြီးက အရင်ကလိုကိုမဟုတ်တာ အမြဲရွတ်နောက်နောက်ရယ်

အရင်က Cool guy CEO Jeon ကြီးကိုဘယ်နားသွားပြီး အစရှာရမည်မသိ။

Tae သူ့ကိုကြည့်ပြီး အသဲယားလွန်း၍ နှခေါင်းလေးအသာရှုံ့ကာ

"ဟုတ်ကဲ့ခင်ဗျ အရမ်းကို အိမ်ထဲဝင်စေချင်လို့ ဝင်ပေးပါခင်ဗျ"

Tae ရွဲ့ပြောလေတော့ သဘောတကျရီနေတဲ့ Jeon ပါလေ။

" ကဲ လာ အိမ်ထဲဝင်မယ်"

နှစ်ယောက်သား လက်ချင်းတွဲလျက် အိမ်ထဲသို့ဝင်လာလိုက်သည်။

အိမ်ထဲရောက်တော့ Jeon အားဧည့်ခန်းထဲထိုင်စေကာ
သူကတော့ Jeon သောက်ဖို့ကော်ဖီဖျော်ရန် kitchenထဲသို့ဝင်လာလိုက်သည်။

ခဏအကြာ ကော်ဖီခွက်လေးကိုင်ကာ kitchen ထဲကထွက်လာတဲ့ ကျွန်တော့်အသဲအသက်လေး....

ကျွန်တော်လက်ထဲကော်ဖီခွက်ကို ထည့်ပေးပြီး တစ်ဖက်ခုံမှာထိုင်ရန်ပြန်နေတာကြောင့်

Taeလက်ကလေးတစ်ဖက်ကို ဆွဲကာ ပေါင်ပေါ်ထိုင်ရန် လက်နဲ့ပုတ်ပြလေတော့ ပြုံးပြုံးလေးနဲ့လာထိုင်ရှာတယ်။

ကျွန်တော် ကလေးကသိပ်ကိုနာခံတတ်တာ ခင်ဗျားတို့မြင်တယ်မို့လား။

ကျွန်တော်လက်ထဲကကော်ဖီခွက်ကို စားပွဲပေါ်အသာတင်လိုက်ကာ လက်နှစ်ဖက်လုံးဖြင့် Tae ခါးသိမ်သိမ်လေးကို အားပါးတရဖက်လိုက်သည်။

အတိတ်ရဲ့နှောင်ကြိုး { TAEKOOK }Where stories live. Discover now