Part 12🐰🐯(zawgyi + unicode)

6.1K 650 50
                                    

#zawgyi

အကောင်းနဲ့အဆိုးဒွန်တွဲနေတဲ့ လောကကြီးမှာ ကျွန်တော်ရောက်ရှိနေတော့လဲ ဖြစ်လာသမျှရင်ဆိုင်ရုံသာ

Taeအနားမှာရှိနေသမျှတော့ ကျွန်တော်ကြံ့ကြံ့ခံနိုင်မှာပါ။

၎ယောက်သား စကားတပြောပြောစကြသောက်ကြနဲ့ မိုးပင်ချုပ်လာခဲ့ပြီ

"Jeon မိုးချုပ်နေပြီလေ အိမ်မပြန်သေးဘူးလား"

စကားစမီပြောကြရင်း နဲနဲပါးပါးသောက်ထားကြတာကြောင့် ရီဝေဝေဖြစ်နေကြည်။

Tae ကတော့မသောက်နိုင်သူဖြစ်တာကြောင့်  ပြောမရဆိုမရ ၃ယောက်ကို ထိုင်သာကြည့်နေမိသည်။

Jeon က Tae ကို ပေါင်ပေါ်တွင်ထိုင်စေရင်း ရင်ခွင်ထဲထည့်ကာ  ဖက်ထားလေသည်။

"ဒီနေ့မပြန်ဘူး Taeနဲ့နေမယ်နော်  ဟီး.."

မျက်လုံးတို့က မပွင့်တပွင့်နဲ့ လူကိုလာရီပြနေသေးတာ

"အင်းပါ ဒီပုံစံအတိုင်းဆို ပြန်လွှတ်လို့လဲ အဆင်ပြေမှမဟုတ်ဘူး  "

"အင်း ဟုတ်တယ် ပြန်လွှတ်လို့  အဆင်မပြေဘူး...ဟင်း"

Jeon ရယ် မူးနေတာ ဘာလို့များခဏခဏ ရီပြနေရတာလဲ ချစ်ဖို့ကောင်းလိုက်တာ

" အင်းပါ  ဒါဆိုလဲ ထ အခန်းထဲသွားအိပ်ရအောင်"

၃ယောက်သားက ခေါင်းပင်မထောင်နိုင်ကြတော့ပဲ မူးနေကြတာကြောင့် ဟိုနှစ်ယောက်ကိုတော့ Jiminရဲ့အခန်းထဲမှာ ထည့်ပေးထားလိုက်သည်။

Jeon ကိုတော့ အခန်းထဲဝင်ဖို့ရာ ခေါ်တေသည်ကို သူပြောသောစကားကြောင့် လူကထိုနေရာမှာပင် လဲသေချင်စိတ်ပေါက်သွားရသည်။

" Tae နော် အိပ်ခန်းထဲခေါ်ပြီး ဘာလုပ်မလို့လဲ

ကိုယ်မူးနေတယ်ဆိုပြီး အခွင့်ရေးယူမလို့လား။

ဒါမျို့တော့မရဘူးနော်"

ဟုဆိုကာ သူ့ရင်ဘတ်ကိုလဲ လက်နှစ်ဖက်နှင့်ယှက်ကာ ကွယ်ထားသေးသည်။

ကျွန်တော်ပုံစံက ရီရခက် ငိုရခက်ပင်

"ကဲပါ Jeon ရယ် ဘာအခွင့်အရေးမှမယူပါဘူး  ဒီတိုင်း အိပ်ရအောင်ခေါ်တာ  ကဲ ထပါ"

အတိတ်ရဲ့နှောင်ကြိုး { TAEKOOK }Where stories live. Discover now