Part 13 🐰🐯(zawgyi+unicode)

5.8K 652 16
                                    

#zawgyi

နာကျင်ရမယ်မှန်းသိရက်နဲ့ ရှေ့ဆက်တိုးမိတဲ့ Tae အဖြစ်တွေက အသက်ဆုံးရှုံးရမှာကိုသိနေရက်နဲ့ မီးထဲဝင်တိုးမိတဲ့ ပိုးဖလံတစ်ကောင်လိုပါပဲလား Jeon ရယ်

Jungkook ဖြစ်ပျက်သမျှကိစ္စတွေအားလုံးကို Tae ကိုအသိမပေးဖြစ်ပေ

ဒီလိုကိစ္စကို Tae သိသွားလို့ စိတ်ညစ်နေရမှာကို သူမလိုလား

သူကိုယ်တိုင်ဖြေရှင်းကာ Taeလက်ကိုတွဲနိုင်အောင်သာ သူကြိုးစားနေမိသည်။

Taehyung တစ်ယောက်Jimin ရဲ့အလုပ်အတွက် Jeon သူငယ်ချင်း Min Yoongi နဲ့တွေ့ရန် ချိန်းထားသဖြင့်သွားတွေ့ရန်ပြင်ဆင်နေသည်။

"Taehyung ရေမပြီးသေးဘူးလားကွာ မင်းကလဲကြာလိုက်တာ"

အောက်ထပ်မှစိတ်မရှည်တော့သော Jimin သည် သူ့အားတစ်ရပ်ကွက်လုံးကြားနိုင်သည်အထိ အော်ခေါ်နေလေသည်။

"လာပါပြီကွာ မင်းကလဲလောလိုက်တာ"

Ring Ring Ring

Jimin နဲ့သူ သွားရန်ပြင်နေတုန်း ဖုန်းဝင်လာရင်ကြည့်မိတော့ Unknown number တစ်ခု 

" Hello Kim Taehyung ပြောနေပါတယ်ခင်ဗျ"

တစ်ဖက်ကပြန်လည်ဖြေကြားခြင်းမရှိကြောင့်

"Hello ဘယ်သူလဲမသိဘူးခင်ဗျ"

" Hello Kim Taehyung shii ကျွန်မပါ Go HanNa ရှင်နဲ့ပြောစရာလေးရှိနေလို့  ရှင်တို့အိမ်နားက ကော်ဖီဆိုင်ကို လာပေးနိုင်မလား"

Taehung တစ်ချက်ကြောင်သွားရသည်။

သူနဲ့ Go HanNaကြားမှာ ပြောစရာဘာမှမရှိ ပိုထူးဆန်းနေသည်က သူမက သူ့အိမ်ကိုသိနေခြင်းပင်။

Taehyung လဲသိချင်နေမိတာကြောင့်

"ကောင်းပါပြီ ကျွန်တော်လာခဲ့ပါ့မယ်"

"Taehyung ရေမြန်မြန်လာပါကွ မင်းကလဲ ဖုန်းပြောမပြီးတော့ဘူး ဟိုမှာ Yoongi hyung စောင့်နေလောက်ပြီ"

"sorry Jimine ငါကိစ္စတစ်ခုပေါ်လာလို့ မင်းတစ်ယောက်တည်းသွားလို့အဆင်ပြေလား"

"ဟမ်... အေး အေး ရပါတယ် မင်းဟာကလဲ ချက်ချင်းကြီး"

"အေးကွာ sorry မင်းလိပ်စာသိတယ်မို့လား တစ်ယောက်တည်းသွားလိုက်နော် ပြန်လာမှမင်းစားချင်တာ ငါဝယ်ကြွေးမယ်"

အတိတ်ရဲ့နှောင်ကြိုး { TAEKOOK }Where stories live. Discover now