1

30.1K 763 23
                                    

ZawGyi
________

🎼 I need somebody to heal.
Somebody to know
Somebody to have
Somebody to hold
It's easy to say
But it never the same 🎼

ကျယ်ပြောလှတဲ့ အခန်းထဲမှာ Piano တီးပြီး
သီချင်းဆိုရင်း မျက်ရည်စက်တွေနဲ့
ကောင်မလေး တခြားသူတော့မဟုတ်
L.A GROUP ရဲ့ အငယ်ဆုံး သမီးလေး
Lalisa Manoban သာ

သူမကို စိတ်မသက်မသာကြည့်ရင်း သက်ပြင်းအကြိမ်ကြိမ်ချနေတဲ့ နောက်ကျောဘက်က သူမရဲ့ မိခင်

* အရာရာအတွက် တောင်းပန်ပါတယ်
သမီးငယ် *

သမီးငယ်ရဲ့ မြင်ကွင်းကို ရင်ကွဲပက်လက်ပဲ
ငေးကြည့်နေရုံကလွဲရင် ဘာမှမတတ်နိုင်ခဲ့ပါဖူး
တကယ်ဆိုရင် အရာအားလုံးက သူမရဲ့
အမှားတွေပဲ မဟုတ်လား သမီးငယ်လေး
ဒီလိုဖြစ်ခဲ့ရတာက အကုန်လုံး
သူ့ကြောင့်လို့ပြောရင် ဟုတ်နေခဲ့တာပဲလေ

သူမ သာ သမီးငယ် မသွားချင်ခဲ့တဲ့
YG PRIVATE SCHOOL ကို အတင်းအကြပ် မပို့ခဲ့ရင်
သမီးကို ရင်နဲ့မကွာ အုပ် ပြီး စောင့်ရှောက်နိုင်ခဲ့ရင် ဒီလိုအဖြစ်မျိုး ဒီလို အနာတရမျိုးတွေ သူကြုံလာခဲ့မှာမဟုတ်ဖူး

^ ဘုန်း ^

အတွေးတွေထဲ မျောနေတုန်း ခေါင်းငိုက်စိုက် ကာ ပြုတ်ကျသွားတဲ့ သမီးကြောင့် Mrs.Manoban အလျင်အမြန် သမီးနားပြေးသွားပြီး ပွေ့လိုက်မိတယ်

" သမီး သမီးငယ် သမီး ထပါအုံး လုပ်ကြပါအုံး  ဘယ်သူမှမရှိလား အပြင်မှာ အမြန်လာကြပါအုံး ဖေကြီးရေ လာပါအုံး ဒီကို "

မိန်းမ အော်ခေါ်သံကြောင့် Mr.Manoban
ပြာပြာသလဲလဲနဲ့ ရောက်လာကာ

"ဘာဖြစ်တာလဲ မေကြီး "

"ဟာ သမီးငယ် နေအုံး နေအုံး Choi ရေ Chae လေး ကို အမြန်သွားခေါ်ပေးပါ သူ့ညီမ မေ့လဲသွားလို့ ချက်ချင်းပြန်လိုက်ခဲ့ပါလို့ အမြန်သွားပါ "

Mr.Manoban ချက်ချင်း LiLi ကို ပွေ့ကာ ကုတင်ပေါ် ကောက်တင်လိုက်တယ်

ခဏကြာတော့ သမီးကြီး
Chae Young Manoban ရောက်ချလာတယ်

" ငယ်လေး ဘာဖြစ်တာလဲ Omma Appa "

" မသိဖူး သမီးကြီး ထုံးစံအတိုင်းပဲ အခန်းထဲ piano တီးနေရင်း လဲကျသွားတာ ဘာဖြစ်တာလဲ သမီးရယ် Omma ရင်တွေပူလှပြီ "

Regret (ZawGyi + Unicode) Where stories live. Discover now