14

6.5K 367 37
                                    

Zawgyi
________

ကျောင်းအုပ်ရုံးခန်းမှာ ပြသနာတွေ ရှင်းရပါပြီ။
Appa လျော်ကြေးငွေ ပေးခဲ့လို့ ကျောင်းထုတ်မခံရပေမယ့်
စာမေးပွဲပဲ ဖြေရတော့မယ်။ ကျောင်းတော့ မလာရတော့ဖူး တနည်းအားဖြင့်ပြောရရင်တော့ ကျောင်းရပ်နားတာ ခံလိုက်ရတယ် ဆိုပါတော့.....။

မေ့မယ် ထင်လား....။
စားလဲ ဒီစိတ် သွားလဲ ဒီစိတ်....။
တခါတလေ ငါများ မှားသွားလေလား ဆိုပြီး
ပြန်သုံးသပ်ရတာလဲ အခါခါ။

သူကတော့ အဆင်ပြေနေမှာပါ.....။
အခွံမရှိတဲ့ သကြားလုံးက အဆင်ပြေပေမယ့်
သကြားလုံးလေး မရှိတဲ့ အခွံကတော့ အမှိုက်သာသာ သာ....။

ရောဂါအခံကြောင့်ရော စိတ်ဒဏ်ရာတွေကြောင့်ရော အဲ့နေ့ကတည်းက စပြီး Lisa ဟာ တခြားသော လူတစ်ယောက်လို ဖြစ်သွားခဲ့တယ်။

အိပ်ယာထဲ လဲ။
ယိုင်နဲ့နဲ့ နဲ့ မိန်းကလေး အဖြစ်သာ။

Unnie ပြောတာကတော့
Jennie Kim နဲ့ ဟိုကောင် ပြတ်သွားပြီတဲ့လေ။

ဘာဖြစ်ဖြစ်ပါလေ
ကိုယ်နဲ့ မဆိုင်တော့တဲ့ သူမ ကိုတော့ ငြိမ်းချမ်းပါစေ အမြဲ ဆုတောင်းပေးနေမိဆဲ။

🎼 သူ့အနားခေါ်လို့ ထွေးပွေ့တယ်ထင်ကာမှ
ရင်ဝကို အကန်ခံရတဲ့အဖြစ်.....
အရာရာတိုင်းက သက်ရောက်မှု့ရှိတယ်ဆိုပြီး
ငါပေးသလောက် တန်ပြန်မရတဲ့အချစ်နဲ့......
ငါခံစားခဲ့ရသလောက် ပြန်ပြီး ဒဏ်မခံရတဲ့မင်း...
မင်းကို သတိရနေလို့တဲ့ ညဆို ငါ့လက်သီးလေးက ရန်တွေ နံရံ တံခါးနဲ့ဖြစ်တယ် Uh~~ 🎼

စဉ်းစားနေတုန်းပဲ Uncle Choi ရဲ့ သမီးလေး
ခြံထဲမှာ ဖွင့်ထားတဲ့ သီချင်းသံဟာ မျက်ရည်တွေ ပိုကျစေပါတယ်။ ဆက်နားထောင်ရင်း

🎼 လိုအပ်တဲ့ခဏ လာအသုံးချလှည့်ပါ
မလိုအပ်တဲ့အခါ ကြိုက်သလို နင်ထားခဲ့.....
အဆိပ်ရှိတဲ့ မြွေပွေးမလေးမှန်း သိသိရဲ့ ကြီးနဲ့
ခါးပိုက်ပိုက်လို့ တင်ထားဆဲ......
အရမ်းချစ်လို့ အလျှော့ပေးခဲ့တာဆိုတဲ့
အပိုင်းကို နင်နားမလည် ......
အခွံမရှိတဲ့ သကြားလုံးက အဆင်ပြေပြီး
သကြားလုံးလေးမရှိတဲ့ အခွံကျ အမှိုက်လိုဖြစ်သွားသတဲ့...... 🎼

Regret (ZawGyi + Unicode) Where stories live. Discover now