4

6.6K 394 6
                                    

Zawgyi
________

နေ့လည်စာတွေဘာတွေ စားပြီးတော့ LiLi တို့အုပ်စု အတန်းကိုပြန်လာကြတယ်
အတန်းထဲဝင်ဝင်ချင်း တွေ့လိုက်ရတာက
အခန်းထဲမှာ ထိုင်နေတဲ့ LiLiရဲ့ ကလေးလေး

* Inn အားမွေးပြီးတော့ စကားစရမှာပဲ မထူးဖူး*

အဲ့လိုတွေးရင်း LiLi လဲ နေရာမှာ ထိုင်ပြီး သူမလေးကို လက်ကုတ်မလို့ ကြံကာရှိသေးတယ်

ကလေးဆီ အမောတကောပြေး လာတဲ့ ကောင်မလေးတစ်ယောက်ကြောင့် LiLi တော်တော်လန့်သွားတယ်။

ပြီးတော့.....
မျက်စိထဲ မြင်လိုက်ရတဲ့ မြင်ကွင်းက တော်တော်လေးကို ဆိုးရွားတယ်

*ကလေးငယ် မင်းက ဒီလို ပုံစံနဲ့လုံးဝမလိုက်ဖူးကွာ မင်းရဲ့မွေးရာပါ ဆိုတာကို နားလည်ပေမယ့် မင်းသာ ပြုံးပြုံးလေးနဲ့ နူးနူးညံ့ညံ့လေးဆိုရင် မင်းကပိုလို့တောင် ချစ်ဖို့ကောင်းမှာပဲကွာ....*

တကယ်တမ်း
မြင်လိုက်ရတဲ့ မြင်ကွင်းက......

စောနကပြေးလာတဲ့ ကလေးမက Jennie ရှေ့မှာ မုန့်တွေချပေးတယ် တရိုတသေနဲ့ ဒီကလေးမလေးကြည့်ရတာလဲ ကိုယ်တွေထက် ငယ်မယ့် ပုံ ဂျူနီယာလေးဖြစ်မယ်ထင်တာပဲ

LiLi ထင်လိုက်တာကတော့ Jen လေးက စာရှင်းပြထားလို့ ဒါမှမဟုတ် အကူအညီ တခုခုပေးထားလို့ မုန့်တွေ လာပို့ပြီး ကျေးဇူးတင်ကြောင်းပြောမယ်ထင်ထားတာပဲ ဒါပေမယ့်.........

Jen က ဂျူ နီယာလေး ကို ဆောင့်တွန်းလိုက်တယ်

Jen - " Yah ငါမှာလိုက်တာ ဒီမုန့်လား ဟမ် spring roll လေ။ အအေးကရော ငါ ဒါသောက်ဖူးလို့လား နင်မသိဖူးလား။ "

ပြောလဲ ပြော လက်ကလဲ တွန်းရင်း သိပ်မကြာပါဖူး အဲ့ကလေးမကို ဆောင့်ဆွဲချပြီး ဝယ်လာတဲ့ အအေးတွေကို ခေါင်းပေါ်ကနေ လောင်းချလိုက်တယ်။ ပြီးတော့ အအေးခွံနဲ့ ပစ်ပေါက်လိုက်လေရဲ့။

Jen - " ဆောင်းအာ ya! နောက်ကို အပေါစားမဆန်စမ်းနဲ့ ဦးနှောက်လေးလဲ နဲနဲသုံးနော် ပြောသမျှလဲ သေချာမှတ် ဒါက နင့်အတွက်
Lesson 1 နောက်ကို Chapter အသစ် တွေ ပို့ချပေးအုံးမယ် ဒီ Unnie ကလေ
အာဒါးဆော? 🙂 သွားထပ်ဝယ် မမှားစေနဲ့ အရည်တွေကျမနေနဲ့နော် ဒီ့ထက်နာသွားမယ် "

Regret (ZawGyi + Unicode) Where stories live. Discover now