15

6.9K 391 9
                                    

Zawgyi
________

🚨🚨
ဆေးရုံကားပေါ်မှာ အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ Nurse တွေလဲ ပြာယာနေကြပြီ။

မိုးတွေကလဲ သည်းလိုက်တာ.....။
Li ပြောခဲ့တဲ့အတိုင်း ဒို့လေ အချစ်ကိုကစားခဲ့မိလို့ အချစ်က ပြန်ကစားနေပြီထင်ပါရဲ့....။

အဲ့နေ့ကလေ....
Li ကို မောင်းထုတ်လိုက်တဲ့နေ့က......
Jen ရော မခံစားရဖူး Liထင်ခဲ့တာလား။
အာညီး လူအမြင်မှာတော့ Jen အရမ်းရက်စက်တဲ့ လူတစ်ယောက် ဖြစ်ခဲ့မှာပါ။
ဒါပေမယ့် Jen ပြိုလဲခဲ့ရတယ်။

အတွေးထဲ မျောနေတုန်း......

* တီ တီ တီ *

နှလုံးခုန်စက် ဟာ အသံတွေ အရမ်းမြည်လာတယ်။ သွေးပေါင်တွေ ထိုးကျနေခဲ့ပြီ။ Li ကိုအသက်ရှုဖို့ တပ်ထားတဲ့ အောက်ဆီဂျင် ခွက်ထဲ
Li ပါးစပ်က ပြန်အန်ထွက်နေတဲ့ သွေးတွေမှ မြင်မကောင်း.....။

နှစ်နှစ်ကာကာ ချစ်ဖို့ အဆင်သင့်ဖြစ်နေပြီလေ။
မလုပ်ပါနဲ့ဟာ မလုပ်လိုက်ကြပါနဲ့။

ဆေးရုံရောက်တဲ့အထိ အခြေအနေမကောင်းပါ။ ဆေးရုံရှေ့မှာ House Surgeon ဆင်းနေတဲ့ Chae young Unnie နဲ့ Jisoo Unnie။
Jen ကိုတွေ့တော့ ပြူးပြူးလေး ကြည့်နေကြတယ်။ ကားပေါ်က ဘယ်သူမှန်း မသိပါပဲနဲ့။

Jisoo - Lisa😳

Chae - Li...... Lisa မဟုတ်လား။ ဘာဖြစ်တာလဲ။ ဟဲ့ ငါမေးနေတယ်လေ။ ငါ့ညီမကို နင်ဘာထပ်ပြီး ဒုက္ခပေးပြန်ပြီလဲ Jennie Kim။

Minho - Chae စကားများနေဖို့ အချိန်မရှိဖူး။ အခြေအနေက လုံးဝမကောင်းတော့ဖူး ။ ခွဲခန်းထဲ အမြန်ပို့မှဖြစ်မယ်။ မြန်မြန်ပို့ကြဟေ့။

❤❤❤
ခွဲခန်းရှေ့မှာ Jen ငူငူကြီး ထိုင်နေရပြီ။
နာရီတွေဟာ တရွေ့ရွေ့နဲ့....
အတိတ်ကိုခဏတွေးလိုက်မိတယ်။

Flash back 😇😇

Lisa တို့အဖွဲ့ မျက်စိရှေ့က ထွက်သွားတော့ Jen Somi ကို ကြည့်လိုက်တယ်။

Jen - Mi ငါတို့ ဆေးခန်းအရင်သွားတာကောင်းမယ်ထင်တယ်။ John အဆင်ပြေမယ်မထင်ဖူး။

Jen ထက် ပိုပြီး စိတ်ပူနေတဲ့ Somi ကို ကြည့်ရတာ တမျိုးပါပဲ။

Jen - mi ငါပြောတာကြားလား ဆေးရုံပို့မယ်။ ဆရာတွေကို အသိသွားပေး။ John ကို ဆေးရုံပို့ရမယ်လို့။

Regret (ZawGyi + Unicode) Where stories live. Discover now