စာစဉ် ၂ ( ၃ + ၄ )
1.4K 356 31
အခန်း ၃
တန်မို၏ကိုယ်မှာ ဘုန်းခနဲ လဲကျသွား၏ ။ သူ့ နားတွင် အမှောင်ထုကြီးက ကြီးစိုးလာတော့လေပြီ ။ ထို့ နောက်တွင် အပေါက်ကြီး တစ်ပေါက်ထဲ ပြုတ်ကျသွားလေသည့်ဟန်၊ သူ၏ကိုယ်နှင့် ထိုအပေါက်ကြီး၏နံရံ ရိုက်ခတ်သံတို့  တဒုတ်ဒုတ်ပေါ်ထွက်လာသည် ။ တန်မို၏ကိုယ်မှာ သန်မာလွန်း နေသောကြောင့်သာ ထိုနံရံနှင့်ရိုက်ခတ်မိပြီး ပစ်စလတ်ခတ် ပြုတ်ကျသွားချိန်တွင် ဘာနာကျင်မှုမှ မခံစားလိုက်ရခြင်းပင် ။
တစ်မိနစ်လေလား၊ သို့ တည်းမဟုတ် နာရီပေါင်းများစွာ ကြာသွားသည်လား ။
ဘုန်း ။
နောက်ဆုံးတော့မှ တန်မိုသည် မြေကြီးပေါ်သို့  ဘုန်းခနဲ ပြုတ်ကျသွား၏ ။
နေရာကား လုံးဝမှောင်အတိ ။ သူ့ လက်ကို ဆန့် ထုတ် ကြည့်လိုက်သည် ။ လက်ချောင်းတို့ ကိုပင် မမြင်ရ ။ ခြေထောက်အောက်ကို စမ်းကြည့်လိုက်သည် ။ စိုစွတ်သည့်မြေဆီလွှာကို စမ်းမိသွားတော့မှသာ မြေကြီးပေါ်တွင် ရပ်နေခြင်းမှန်း သိသွားရ၏ ။
ထို့ နောက်တွင် ပတ်ပတ်လည်က အသံတို့ ကို နားစွင့်ကြည့်လိုက်သည် ။
ဘာအသံကိုမှ မကြားရသောကြောင့်
လက်ဖြင့် ဟိုစမ်းစမ်းဒီစမ်းစမ်း လုပ်ကြည့်နေမိသည် ။
သုံးမိနစ်ကြာအောင် စမ်းကြည့်ပြီးသည့်တိုင်
ဘာကိုမှ မတွေ့ မိ ။
ရုတ်တရက်၊ သူ့ ခေါင်းအထက်ကနေ အသံကြီးတစ်သံ တ၀ူးဝူးတ၀ါးဝါး ထွက်လာသည် ။ တန်မိုလည်း ချက်ချင်းပင် လက်ကို ရုတ်လိုက်ပြီး သူ့ အထက်ကလှုပ်ရှားမှုကို အာရုံစွင့်ထားလိုက်သည် ။ မိနစ်ဝက်အကြာ၊ အားခနဲ အသံကြီးနှင့်အတူ ဘုန်းခနဲ မြေကြီးပေါ် ပြုတ်ကျလာပြီး တအီးအီးတအားအားအသံ ထွက်လာသည် ။
“အုခ်ျ…နာတယ်ဟ ။ ဒါက ဘယ်နေရာကြီးလဲ”
တန်မိုသည် ထိုအသံကို မှတ်မိလိုက်ပြီး တိုးတိုးလေးထွက်သွားသည် ။
“လီဝမ် လား”
ထိုယောကျာ်းသံမှာ တခနလောက် တိတ်ကျသွားပြီး၊
ထို့ နောက်တစ်ဖန် အသံထွက်လာသည် ။
“တန်မိုလား”
တန်မို၏ရင်ထဲ အနည်းငယ်တည်ငြိမ် သွားသော်လည်း နောက်ထပ် စကားပြောဖို့  အချိန်မရလိုက် ။ နောက်ထပ်အသံကြီးတစ်သံ တ၀ူးဝူးတ၀ါးဝါးဖြင့် ပြုတ်ကျလာပြန်သည် ။
လူလေးယောက် ။ ရှေ့ဆင့်နောက်ဆင့် ။
အသံတို့ ဆူညံဟစ်အော်လျက် တစ်ယောက်ပြီးတစ်ယောက်
မြေကြီးပေါ် ဘုတ်ခနဲ ဘုတ်ခနဲ ပြုတ်ကျလာနေကြ၏ ။