3

294 18 2
                                    

[Unicode]

ဝတီနိုးလာတော့ရင်းနှီးဖူးတဲ့အနံ့တစ်ခုကနှာခေါင်းထဲဝင်လာတယ် * အော် ငါဆေးရုံရောက်လာပြန်ပြီပဲ ဒီအခန်းလေးထဲမရောက်တာတောင်ကြာပြီ * ဝတီတွေးရင်းပြုံးမိတယ်

"ကလေးမ ဒါဆေးရုံရောက်နေတာနော် ဘယ့်နှယ့် ကိုယ့်မွေးရပ်မြေပြန်ရောက်လာသလိုရုပ်ဖြစ်နေတာလဲ"
"မရောက်တာကြာပြီလေ သုသုရဲ့"
"ကိုယ့်ထက်အကြီးကိုဘာသုသုလဲ ခင်းဗျားလေးလုပ်တာ seniorတွေပါသုသုလို့လိုက်ခေါ်နေကြပြီ"
"ချစ်စရာလေးဟာကို...ဒါနဲ့သုသုရဲ့semeကြီးရော ဝတီ့ကိုလာတောင်မကြည့်ဘူး"
"ဘာSeme...ဒီမှာလူနာနန်းဝတီသော်ခင်ဗျ ကျွန်တော်မျိုးအိပ်ဆေးပြန်ထိုးလိုက်မှာနော်"
"ဟော ပြောရင်းဆိုရင်း ဆံထုံးနောက်ယောင်ပါလာပြီ"
"ယောင်နောက်ဆံထုံးပါမဟုတ်ဘူးလား..."
"သုသုကလည်း ဟိုကဆံထုံးဖြစ်စရာလား ဒီအဆင်နဲ့ဒီအဆင်ကို..."
" မိ ဝတီ !!!!! "
" ဆရာ သုသုကြောင့် ဝတီ လန့်သွားပြီ အဟင့် "
" ဒီမောင်နှမတွေနောက်နေကြပြန်ပြီလား ဒီမှာကိုယ် သုခနဲ့ဝတီစားဖို့ နေ့လည်စာဝယ်လာတယ် "
" ဟွန့် Lunch time ဝတီ့ရှေ့လာရိုတယ်တည့်ပြောပါနော် ... ကာပယ်တွေ မီဝေါ့ ... သွားသွား ကိုယ့်အခန်းကိုယ်ပြန်roကြ "
" ပြောင်မနေနဲ့တော့ဝတီ ဆရာတို့ဝတီနဲ့ ဆွေးနွေးစရာရှိလို့ ကိုယ့်အခြေအနေကိုယ်ရိပ်မိနေတယ်မလား ဝတီ"
" နှလုံးရောဂါအစပျိုးနေပြီလား ဆရာသုတ တချို့လက္ခဏာတွေက နှလုံးရောဂါလက္ခဏာတွေနဲ့ဆင်နေတယ် heartbeat မငြိမ်ဘူး "
" အာ့တာဝတီဘာလို့မပြောပြတာလဲဟမ် ... အစ်ကိုကဝတီ့ဆရာဝန်ပါနော် "
" သုသုကလည်း ဝတီမအားသေးတာနဲ့ အကြောင်းမတိုက်ဆိုင်သေးတာနဲ့မပြောဖြစ်တာပါ ... "
" ဝတီ ဆေးကုန်နေတာလည်းလာမယူသေးဘူးနော် "
"ဝတီဖြတ်မလို့ကြိုးစားကြည့်တာ သုသု"
"အခုတော့ဆေးရုံတက်ရဖို့ပြန်ဖြစ်လာပြီမလား...ပြီးတော့ medical check up ပြန်လုပ်ရမယ် ဝတီ့အခြေအနေကအရင်လိုပြန်ဖြစ်ချင်နေပြီ"
"ဟုတ်ကဲ့ပါ ... ဒါနဲ့ဆရာသုတက duty off ပြီလား အပြင်သွားမယ့်ပုံကြီးနဲ့"
"အင်း ဝတီ့ရဲ့သုသုကိုပါခနငှားသွားမယ်နော် ရတယ်မလား ညနေ check up မလုပ်ခင်ပြန်လာပို့မယ်လေ"
"ဝိုး...သုသုတို့စွံတော့မှာပေါ့ ခ်ခ်ခ် ဝတီနာမည်ပေးတာမှန်သွားပြီ သုသုကာပယ် ခ်ခ်ခ်"
" ဆရာ စပ်သုတ ခင်ဗျ ... ကျွန်တော့်ကိုခေါ်မှာကို ကျွန်တော့်ကိုမမေးပဲ ကျော်ပြီး လူနာကိုသွားမေးနေတာလဲဗျ "
"ဟုတ်သား ... ဆရာသုတ ကလည်း သုသုလေး စိတ်ခုသွားပြီ ... သွားချော့တော့ အဟိ "
" ဝတီ ... ပြန်လာမှတွေ့မယ် "
"ဒါဆို ခ က အခု ကိုယ်နဲ့လိုက်ခဲ့လေနော်ဝတီနားပါစေ"
"တာ့တာ သုသုကာပယ် ခ်ခ်ခ်"

💔 In this life 💔 (Z+U)Where stories live. Discover now