9

261 11 4
                                    

[Unicode]

"ဟဲ့အိမ်တံခါးကlockမချထားပါလား ဟို၂ကောင်ကဒီမှာမရှိဘူးမလား"
"အမ်...သ သ သခိုး ဝင်တာလား"
"အသည်းလေးရောက်နေတာပဲ...ဘေဘီရေချိုးနေတာလား!!!"
"ဝတီ နင်ဘယ်တုန်းကရည်းစားရသွားတာလဲ"
"အာ ပေါက်ပေါက်ရှာရှာ"
"အဲ့ဒါဆို အခုဟာကဘယ်သူလဲရောက်နေတာလဲ"
"ငါ့အမ ဖိနပ်အစုတ် ... ငါ့အမ လွယ်အိတ် ... ငါ့အမဖုန်း ... ပြီးတော့ ငါ့အမ ... ဘေဘီဘယ်တုန်းကရောက်နေတာလဲ"
"မနေ့ညက ... ဒါနဲ့အိမ်ကလူကြီးတွေရော"
"ပါပါးကနယ်မှာ မာမားကဘန်ကောက်မှာ ဝတီတို့ကကိုရီးယားကအခုပဲပြန်ရောက်တာ"
"အိမ်ပြန်လာမယ်ကြိုပြောထားတာကိုတစ်ယောက်မှလည်းရှိမနေဘူး ကြိုဆိုမှုကြီးကအရမ်းတွေချစ်ဖို့ကောင်း"
"အသည်းလေးကလည်း...စိတ်ဆိုးနဲ့ ဟီး ဘာစားမလဲ ဝတီချက်ကျွေးမယ် "
"နေတော့ မင်းလမ်းမုန့်တီဆိုင်ကမှာထားတယ် သဲတို့ပါဝင်စားလိုက်"
"အိုကေ ချစ်တယ်ဘေဘီ မွ"
"ဟဲ့စော ... အရမ်းသိသာနေပြီ လျော့ငမ်း"ဆောင်းမှအံကြိတ်ကာခပ်တိုးတိုးသတိပေးလိုက်သည်
"အမ် အမ်း...အင်းးး"
"ဘေဘီအင်္ကျီဝတ်အုံး ဝတီရေသွားချိုးလိုက်အုံးမယ်" ... "ဟို၂ယောက်ငမ်းတာရပ်ပြီးရေသွားချိုးကြတော့"*...ရေချိုးခန်းမှလှမ်းအော်သံပင်...*

ဝတီတို့သူငယ်ချင်း၃ယောက်က mini condo တစ်ခုထဲမှာနေကြတာပါ စုစုပေါင်း၈ထပ်ရှိပြီးpenthouse ရော ဓာတ်လှေကားရောပါပါတယ် ဝတီတို့ညီအမ၂ယောက်ကpenthouseမှာနေပြီးပါးနဲ့မားကပထမထပ်မှာနေကြတယ် စောနဲ့ဆောင်းက တတိယထပ်မှာဘယ်ညာတစ်ယောက်တစ်ခန်းဆီနေကြတယ် ပြီးတော့ပိုင်သက်ယံတို့မိသားစုကဒုတိယထပ်မှာနေတာပါ... မြေညီထပ်မှာတော့သူမတို့ရဲ့book caféလေးဖွင့်ထားပါတယ်အခုလိုစုပြီးတစ်တိုက်ထဲနေဖြစ်သွားတာfinalထဲကပါပဲ သူကတို့ internဆင်းတဲ့အချိန်မှာ ဝတီ့hotelမှာပဲလိုချင်တဲ့ရာထူးတောင်းပြီးအတူတူ koreaမှာသွားဆင်းကြတာပါ ပြီးတော့ Research term paper ကိုပါသူမတို့အတူတူလုပ်တော့ အပြင်မှာခနခနစုနေရတာနဲ့ ဝတီကစိတ်မရှည်တော့ပဲသူတို့ကိုတစ်ခန်းစီပေးလိုက်တာပါ ရဲရင့်ကကျောင်းပြီးတော့အခန်းကိုပြန်အပ်သွားပြီး သူတို့ရဲ့အိမ်တွေကကြတော့အခန်းဖိုးကိုအရစ်ကျပြန်ပေးပြီးဆက်နေကြမယ်ဆိုလို့အာ့ငွေတွေစုပြီး book café ကိုအကောင်အထည်ဖော်လိုက်တာပါ သူမတို့ကျောင်းပြီးတော့ bookcafé မှာတာဝန်ခွဲယူကြတယ် ဝတီတစ်ယောက်ပဲ koreaမှာသူမ hotelကိုပုံမှန်လည်ပက်နေအောင်သေချာပြင်ဆင်ပြီးသူမဝန်ထမ်းတွေကိုသေချာtrainလုပ်နေပြီး အဆင်ပြေပြီဆိုမှသူမလက်ထောက်နဲ့လွှဲကာ တခြားသူမစိတ်ဝင်စားမယ့်အလုပ်ကိုလိုက်ရှာဖွေတယ်ဒါပေမယ့် book café အတွက်စာအုပ်မှာသူကတော့ပင်တိုင်ခံဝတီပါပဲ...သူမတို့အုပ်စုထဲမှာ လူကြီးကြိုက်စာအုပ် လူငယ်ကြိုက်စာအုပ် ကလေးကြိုက်စာအုပ်တွေ သေသေချာချာနှံ့နှံ့စပ်စပ်သိတာ ဝတီတစ်ယောက်ပဲရှိလို့ပါ ဘာလို့လဲဆိုတော့ သူတို့မိသားစုကစာရှယ်ဖတ်တဲ့အမျိုးလေ... သူမပါပါးက သမိုင်းအကြောင်းအလုပ်အကြောင်းနိုင်ငံရေးအကြောင်းဖတ်တဲ့သူမလို့ ဆိုင်မှာအာ့လိုစာအုပ်တွေတင်ပြီဆိုရင်သူ့သူငယ်ချင်းတွေမိတ်ဆွေတွေကို သူမပါပါးကပဲpromotionဆင်းပေးတယ် ဝတီ့မာမားကတော့ ဝတ္ထုပေါင်းစုံ နဲ့ ကလေးချစ်သူပီပီ ကလေးတွေဖတ်တဲ့စာအုပ်မျိုး စာရေးကိရိယာမျိုးဆို trendနဲ့အမှီလိုက်ပြေးနိုင်တယ် ဝတီအမက IT ပိုင်းကျွမ်းသူမို့အာ့လိုစာအုပ်မျိုးတွေဆို ဘယ်ဟာပြီးရင်ဘယ်ဟာဝယ်ဆိုပြီးမပြတ်ပြောတယ် နောက်ဆုံးမယ်မင်းကြီးမဝတီကကြတော့ သူမကဘာလာလာဒေါင်းတယ် စပ်စပ်စုစုလည်းသိတယ်စေ့လည်းစေ့စပ်တယ် အဲ့တာကြောင့်သူမဟာစာအုပ်တိုက်တွေအပြင်တချို့authorပေါင်းစုံနဲ့လည်းဒဲ့ချိတ်ထားတာမျိုးရှိတယ် တစ်ခါတစ်လေသူမကိုsymbolအရင်ပေးဖတ်ခိုင်းတာမျိုးတောင်တွေ့ရတယ် သူမလုပ်လို့စာဖတ်ပျင်းတဲ့စောနဲ့ဆောင်းပါအလုပ်ပါးရင်စာဖတ်နေတတ်တယ်...

💔 In this life 💔 (Z+U)Where stories live. Discover now