11

231 14 0
                                    

[Unicode]

အဲ့နေ့ကကျွန်တော်စကားမှားပြောတာကို မင်းထင်ပြန်ပြောလို့သိလိုက်ပြီး ကျွန်တော် ကေသီ့ကိုအားနာသွားသလို သော့်ကိုလည်းမျက်နှာချင်းမဆိုင်ရဲတော့ဘူးအဲ့တာကြောင့် ကျောင်းသြင်္ကန်ပြီးတဲ့ နောက်မှာကိုယ်ပိုင်စာကျက်ချိန်ကြောင့်ကျောင်းသွားစရာမလိုတော့လို့ ကျွန်တော်ဘယ်သူနဲ့မှအဆက်အသွယ်မလုပ်ဖြစ်တော့ဘူး ကျွန်တော်နဲ့ကေသီတွဲနေပြီဆိုတဲ့ ကေသီသူငယ်ချင်းတွေတင်ထားတဲ့postကိုလည်းကျွန်တော်အပြစ်မမြင်မိတော့ဘူး ကျွန်တော်မှားခဲ့တာကိုး ...

ဒါပေမယ့် ကျွန်တော့်ကိုရင်ဘတ်အောင့်အောင်လုပ်လိုက်နိုင်တာက သော် chat boxကလာပြောတဲ့စကားကြောင့်ပင် ....

" Congradulation ပါအကို ... အင်းးး ညီမကအကို့ညီမအနေနဲ့ဆိုတော့သူ့ကိုယောင်းမလေးလို့ပဲခေါ်တော့မယ်နော် ယောင်းမလေးနဲ့ပျော်ရွှင်ပါစေအကို "
"ကျေးဇူး ညီမ ... ညီမလေးကိုရောညီချောချောလေးတစ်ယောက်ရှာပေးရမလား"
" ညီမအတွက်မလိုအပ်သေးပါဘူးအကို"

အဲ့ကိစ္စတွေအပြီးမှာသူမဟာအရင်အတိုင်းကျွန်တော့်ကိုအပျင်းပြေအောင်စကားပြောပေးတတ်တာမျိုး စာလာမေးတတ်တာမျိုးသိပ်မရှိတော့ဘူး သူမကိုမျက်နှာချင်းဆိုင်ရမှာဝန်လေးသော်လည်း သူမအားစကားပြောချင်သေးသည်မလို့ကျွန်တော်စကားစမိတယ် စာမေးပွဲတတိယရက်မှာပေါ့

"အကိုဖျားပြီထင်တယ်"
"ဟင် ... ဆေးသောက်ထားလား ဘယ်လိုဖြစ်တာလဲ ညနေပြန်လာတော့နောက်ငျမှရေးချိုးလိုက်လို့လား အပူရှုပ်တာလား အခုရော ဘယ်လိုနေသေးလဲ"
"ကိုယ်ဘယ်ဟာအရင်ဖြေပေးရမလဲ ... ဆေးသောက်ထားပါတယ် အခုလေးတင်ပဲ အပူရှပ်တာထင်တယ်"
"မနက်ဖြန်မနက်ပါဆေးသောက်မှပျောက်မှာရယ် ဒါပေမယ့် ဆေးကငိုက်လိမ့်မယ် listeningမကြားပဲ ငိုက်နေမှဖြင့်"
"အင်း ကိုယ်အခုပင်ပန်းနေတယ်အားလည်းမရှိသလောက်ပဲ" *စိတ်ထောင်းကိုယ်ကြေနေတယ်သော်*
"မနက်ဖြန်အနွေးထည်ဝတ်ပြီးလာဖြေ "
"ဟာ ပူမှာပေါ့"
"တိတ် ... ဖျားနေတာကို ဂရုစိုက်ရမှာပေါ့မနက်ဖြန်ညီမစောင့်ကြည့်နေမယ်အကိုအနွေးထည်ဝတ်လာလားမဝတ်လာဘူးလားလို့"
"ကိုယ့်ferryကအစောကြီးမရောက်ဘူးလေ ညီမဖြေပြီးလောက်မှရောက်လာမှာ"
"11ဆိုရောက်ပြီမလား ညီမထိုင်စောင့်နေမယ်"
"ညီမferryနဲ့ပြန်ရမှာမဟုတ်ဘူးလား"
"ရတယ် Busနဲ့ပြန်မယ် အကို့ကိုမယုံဘူး"
"တယ် ဒီကလေးမ ... သဘောပါ"
"အိပ်တော့အကို စာဆက်မကြည့်နဲ့တော့ ညီမမနက်၆နာရီဆေးသောက်ဖို့ဖုန်းခေါ်လိုက်မယ်"
"အင်း good night ညီမ"
"အင်း"

💔 In this life 💔 (Z+U)Where stories live. Discover now