14

232 12 0
                                    

[Unicode]

# ယံလုပ်ငန်း၏ဆက်ခံသူယံသခင်လေးနှင့် အငယ်ဆုံးLoeyလုပ်ငန်းပိုင်ရှင်နန်းသခင်မလေးတို့၏ အချစ်ရေး ...*
# လုပ်ငန်းစု၂ခု၏ချစ်ကြည်ရေးခရီးစဉ်*
# ယောက္ခမများ၏မျက်နှာသာပေးမှုခံရသော နန်းသခင်မလေး*
# Loeyလုပ်ငန်းရှင် နန်းသခင်မလေးကိုချွေးမအနေနဲ့ခရီးစဉ်တွင်တရားဝင်ချပြနေသယောင်ရှိသော ယံသခင်မကြီး *
# ထိပ်တန်းလုပ်ငန်းစုနှစ်ခု၏အနာဂတ်*

Comment များ
📝 Loey လုပ်ငန်းပိုင်ရှင်က kpopperလေးမလား ... အရမ်းတော်တာပဲ ... သူများတွေများအဆင်ပြေလိုက်တာ နောက်ခံကလည်းကောင်းတယ် ကိုယ်တိုင်ကလည်းလုပ်ငန်းပိုင်ရှင် ကိုယ်လုပ်ချင်တဲ့အလုပွကိုလည်းဆက်လုပ်တယ် concertတွေလည်းသွားနေတုန်း အခုအိမ်ထောင်ရေးကပါပိုပြီးမိုက်သွားပြန်ပြီ
📝 ဟယ် ဒါငါတို့uniက စံပြတွေထဲကတစ်ယောက်ပဲ ... မနန်းဝတီသော်မလား ... သဘောကျလိုက်တာ လုံးဝအဘက်ဘက်ကပြီးပြည့်စုံနေတာပဲ
📝 YUFLကျောင်းဆင်းလေးတွေ လိုက်ဖက်လိုက်တာ
📝 အဲ့သခင်မလေးနေရာမှာငါသာဖြစ်လိုက်ပါတော့လား ဘာလို့ကံကောင်းပြီးရင်းကောင်းနေကြတာလဲ
📝 သူတို့နှစ်ယောက်ကမလိုက်ဖက်လွန်းဘူးလား အနောက်ကအရှိန်အဝါတွေကြောင့်အရောင်ကပိုဖြာထွက်နေသလိုပဲ ... အားးး ငါလည်းသူ့လိုလင်ကောင်းသားကောင်းရချင်သား
📝 သခင်လေးရဲ့အကြည့်တွေမှာကျရှုံးပြီ အားးး အရမ်းroတာပဲ အရိပ်တကြည့်ကြည့်နဲ့ ချစ်တတ်လိုက်တာသခင်လေးရယ်
📝 သခင်လေးရယ် သူမကိုမယူပါနဲ့လား ... နိုးနော် သဘောမတူဘူး
📝 သခင်လေးကသူမနဲ့မတန်ဘူး မလိုက်ဖက်ဘူး
📝 နင်တို့သခင်လေးကအရင်ကအပျက်မတစ်ယောက်နဲ့အိပ်ဖူးတာဆို ငါတို့သခင်မလေးနဲ့လုံးဝမတန်ဘူး ကိုယ့်ဘက်ကိုယက်ပြီးနာမနေကြနဲ့

တူ ... တူ ... တူ ...
*ဝတီရေဖုန်းကိုင်စမ်းပါဟ...*
"ဟယ်လို အမိန့်ရှိပါရှင် ... "
"ဝတီ နင်သတင်းတွေဖတ်ပြီးပြီလား"
"အင်း ထားလိုက်ပါ အချိန်တန်ရင်ငြိမ်သွားလိမ့်မယ်"
"ထင်လား ဟူး ... နင်ဘာအှမဖြစ်ဘူးမလား"
"မဖြစ်ပါဘူး စောရယ် ... အရမ်းမစိုးရိမ်နဲ့"
"အင်း ဒါပဲ"
~~~~~
** စောနန္ဒာဇင်❤ထက်ဝေယံ **
"Morning"
"ရှင့်မှာအလုပ်မရှိဘူးလား ထက်ဝေယံ ... ရှင့်ကိုကြည့်ရတာအရမ်းအားယားနေသလိုပဲ"
"ကိုယ်အခုအလုပ်လုပ်နေတာလေ ... မ ကိုပိုးပမ်းတဲ့အလုပ်"
"အော် ..."
"ကိုယ့်ကိုအဖြေဘယ်တော့ပြန်ပေးမှာလဲဟင်"
"မသိဘူး"
"မ ကလည်းကွာ...ကိုယ့်ကိုရက်စက်တော့မှာလား...ကိုယ့်မှာဘာပစ်ချက်ရှိလည်းပြော ကိုယ်ချက်ချင်းပြင်ပေးမယ်"
"ရှင်အခုကျွန်မကိုပိုပြီးစိတ်ရှုပ်အောင်လုပ်နေတာပဲ"
"ဟင်...ကောင်းပါပြီ ကိုယ်မနှောင့်ယှက်တော့ပါဘူး...ပြီးတော့ ဝတီတို့ကိစ္စကိုအရမ်းကြီးမတွေးနေနဲ့ သူတို့ကိုအိမ်ကပေးစားကြမှာ"
"ဟမ်...ဟိုတစ်ယောက်နဲ့ကိစ္စတောင်မပြီးပြတ်သေးဘူးလေ အခုလိုစီစဉ်လိုက်ရင် ပြသနာတေ့အနည်းနဲ့အများဖြစ်လာမှာပေါ့"
"ယံသူဌေးကတော်ကြည့်စီစဉ်ပါလိမ့်မယ်"
"ဟူးးး...ငါ့သူငယ်ချသ်းလေးခင်ဗျာလည်းသနားပါတယ်"
"ကိုယ်ကပိုသနားဖို့ကောင်းတာပါ မ ရယ်"
"ရှင်ကဘာလို့"
"ဝတီကမှချစ်ရသူရဲ့အချစ်ကိုရသေးတယ်လေ ဟိုကရူးပြီးမပြောပေမယ့်လို့.....ကျွန်တော်ကချစ်ရသူရဲ့ လစ်လျူရှုခြင်းခံနေရတယ်လေ"
"ရော့...ရော့...ကော်ဖီသောက်ပြီးဆက်ခံစားနေလိုက်...ကျွန်မမအားလို့"
* မသိရင်မချစ်သလိုပုံနဲ့ နောကွကွယ်ကနေဂရုတော့စိုက်သား ချစ်လိုက်တာ မရေ ... ကျွန်တော်စောင့်နေမယ် *
* အား...ဒီလိုနဲ့ငါအရည်ပျော်ကြတော့မယ် ဒီကလေးတော်တော်ဇွဲကောင်းတာပဲမဖြစ်ဘူး စောနန္ဒာဇင် နင့်မှာ pcyရှိတယ် xzရှိတယ် kyhရှိတယ် gmmအဆင်တွေရှိတယ် မယိုင်နဲ့သွားစေနဲ့ ... Fighting!!!!! *
(အချေမျိုးကဆင်းသက်လာသူ🥴🥴🥴)
~~~~~

💔 In this life 💔 (Z+U)Where stories live. Discover now