❰𝟐❱🌹

3K 281 13
                                    

[Zawgyi]

At Jungkook's Side

Mr.Jeon အိမ်ပြန်ရောက်တော့ သူ့သားလေး Jungkook ကလုံးတုံးလုံးတုံး ပြေးပြီးလာကြိုတယ်လေ ပါးစပ်ကလည်း Appa လို့မပီ့တပီ ခေါ်ပြီးတော့ပေါ့

အင်း~~သူ့သားလေးနဲ့ ဟိုအိမ်မှာသွား နေရမှာကို ဘာကြောင့်မှန်း မသိဘူး စိတ်တွေလေးနေသလိုပဲ

" အာ~ပါး! "

Aww အတွေးလွန်နေတာ သူ့သားလေးအော်ခေါ် တော့မှဘဲကြားတော့တယ် မြန်မြန်ပြန်ထူးမှ တော်ကြာ ကိုယ်တော်ချောက စိတ်ကောက်သွား ဦးမယ် ဆိုပြီးတော့သူ့ ရှေ့က သားလေးကို ကောက်ချီလိုက်တယ်

" Aigoo Appaသားလေး ကAppaကို စောင့်နေတာလား "
Jungkook ရဲ့နှဖူး ပေါ်ကျနေ ဆံပင်အညိုရောင် လေးတွေကို လက်နဲ့ တယုတယ သပ်တင်ပေးရင်း မေးလိုက်တယ်

" ဟုတ်တယ် အာပါး တားတားက အာပါးကို စောင့်နေတာ လွမ်းလည်း လွမ်းနေတာ ဗိုက်ဗိုက်ကလဲ ဆာနေပြီ "

Mr.Jeon တစ်ယောက် သူ့ဗိုက်ကလေးကို ပုတ်ပြပြီး ဗိုက်ဆာကြောင်း ပြောပြနေတဲ့ သားလေးကို ကြည့်ပြီး ဝမ်းနည်းသလိုလို ထပ်မတွေ့ရတော့မယ့် လူ​တွေလိုလို စိတ်တွေလေးလာတယ်

ထိုအချိန် အိမ်ထဲက Mrs.Jeonကတော့ သူ့သားမပြောမဆိုနဲ့ ပျောက်သွားလို့ ရှာနေတယ်

" Kookie~~ရေ သားဘယ်မှာလဲ "

Mr.Jeon လည်းသူ့မိန်းမ အသံကြားလို့ ထူးမလို့ပဲရှိသေး ရင်ခွင်ထဲက သားလေးက နားနားကပ်ပြီးတော့

" အာပါး~အိုမားကို စရအောင်~ခစ် ခစ်~ "

" Ok မေကြီးကိုစကြမယ် "

လို့ပြောကာ သားပါးဖောင်းဖောင်း လေးတွေကို နမ်းလိုက်ပြီး တံခါးနောက်မှာ ဝင်ပုန်းလိုက်တယ်

Mrs.Jeonလည်း သားကိုရှာရင်း အိမ်ရှေ့က တံခါးနားရောက်တော့ သူ့သားနဲ့ သူ့ယောက်ျားက

" ဝါး! ခစ်ခစ်... "

ဆိုပြီးလှန့်တော့ လန့်သွားတဲ့ပုံစံ လုပ်ပြပြီး သူ့ယောကျာ်း ရင်ခွင်ထဲက သဘောတွေကျစွာ တခစ်ခစ် ရီနေတဲ့ သားလေးကို လှမ်းချီလိုက်တယ် ပြီးမှ သူ့ယောကျာ်းဘက် လှည့်ကာ

𝐁𝐞𝐜𝐚𝐮𝐬𝐞 𝐘𝐨𝐮 𝐀𝐫𝐞 𝐌𝐢𝐧𝐞Where stories live. Discover now