❰𝟏𝟎❱🍑

2.6K 216 10
                                    

[Zawgyi]

အရုပ်ကလေးအား Appa ပေါင်ပေါ်ကနေ အသာချီလိုက်ကာအပေါ်ထပ်က ကျွန်တော့် အခန်းကို ပဲ ဦးတည်လိုက်တယ်

အခန်းထဲ ရောက်တော့ အရုပ်ကလေး နိုးသွားမည် ကိုစိုး၍ ကုတင်ပေါ် အသာအယာလေးချကာ နာရီ ကြည့်လိုက်တော့ 4 နာရီခွဲ နေပြီ ဖြစ်သောကြောင့် ရေချိုးဖို့ ပြင်လိုက်တယ်

ရေချိုးပြီး ပြန်ထွက်လာတော့ ခုတင် ပေါ်မှာ အိပ်နေတဲ့ အရုပ်ကလေးက မရှိတော့ဘူး အတွေးထဲ ဝင်လာတာက

(ဘယ်သူက သူ့အရုပ်ကလေးကို သူ့ဆီက ခွင့်ပြုချက် မတောင်းဘဲ ခေါ်သွားပြန်ပြီလဲ)

ဒေါသ ထွက်ကာ အောက်ထပ်ကို ဆင်းဖို့အတွက် တံခါးရှိတဲ့ ဘက်ကို ထွက်လာတော့မှ တွေ့လိုက်ရတဲ့ သူလေကြောင့် ခုနက ဒေါသတွေတောင် ပျောက်သွားတယ်

သူ့ အရုပ်ကလေးက တံခါးနားမှာ ရပ်နေပြီး တံခါးလက်ကိုင်ဘုကို ခြေဖျားထောက်ကာ ဖွင့်ဖို့လုပ် နေတယ်လေ အေးပေါ့ သူဘယ်လိုလုပ် မှီပါ့မလဲ သူ့ အရပ်က ပုပု​လေးကို ချစ်ဖို့ကောင်း လိုက်တာကွာ

ကျွန်တော် သူ့ကို ကြည့်နေတာတောင် သတိထားမိပုံ မပေါ်ဘူး တံခါး ဖွင့်ဖို့ကိုပဲ အာရုံရောက်နေတာ ကျွန်တော်လည်း သူ့အနောက်မှာ ရပ်လိုက်ပြီး

" ဟေ့! ဘာကိစ္စနဲ့ တံခါးဖွင့်ဖို့ လုပ်နေတာလဲ "

သူ့ အသံကြားမှ အနောက်ကို လှည့်ကြည့်ကာ သူ့အား ပြူးကြည့်နေပြီး ပါးစပ်က​နေ ဘာစကားမှတော့ ထွက်မလာ

" ဟ! မေးနေတာ မကြာဘူးလေ ပြန်ဖြေလေ "

အဲ့တော့မှ ခေါင်းလေးငုံ့သွားကာ

" တား~ဗိုက်ဆာလို့ပါ တိုတို "

ဟား...ဗိုက်ဆာလို့တဲ့လားကွာ ပြောနေတဲ့ပုံလေးကိုက ဖျစ်ညှစ်ချင်စရာ ကောင်းအောင်

" လာ! ကိုကို့ ဆီကို လာခဲ့ "

လာခိုင်းတာကို မလာပဲ ပြူးကြည့်နေတာကြောင့်

" မလာရင် ဘာမှ မကျွေးဘူးနော် လာမှ ကျွေးမှာ "

အဲ့လိုပြောလိုက်မှဘဲ ကျွန်တော့်ဆီ ပြေးလာတယ် ဒီဟာလေးကတော့လေ မုန့်နဲ့ သာစွယ်ရင် အကုန်လုပ်ပေးမယ့် ကောင်လေးမျိုး

𝐁𝐞𝐜𝐚𝐮𝐬𝐞 𝐘𝐨𝐮 𝐀𝐫𝐞 𝐌𝐢𝐧𝐞Where stories live. Discover now