❰𝟏𝟓❱🍷

2.2K 203 12
                                    

[Zawgyi]

One year later,

" ကိုကို..ကိုကို..ကိုကို! ထပါတော့ဆို! ကို....ကို!!! "

" အား!! ဘယ်လို ဖြစ်နေတာလဲကွာ! ဘာကိစ္စရှိလို့ အဲ့လောက် အော်နေ ရတာလဲ "

တကတည်း မနက် 6:00 လောက်တည်းက တကိုတည်းကိုနေတာ မပြီးနိုင်တော့ဘူး ညက အိပ်မပျော်တာကြောင့် မနက် 3:00 လောက်ကမှ လူက အိပ်ပျော်သွားတာ အဲ့ဒါကို ဘေးနားကနေ နားပူနားဆာ လာလုပ်နေတယ်

ဟွန်း~ကိုကို အစုတ်ပလုတ်ကြီး ဦးနှောက်ကလည်း ပျက်နေတာတာလား မသိဘူး သူပဲ မနေ့က ဒီနေ့ မားမား တို့ဆီ ပြန်နေရမယ်လို့ ပြောခဲ့ပြီးတော့ အခုမှ လာပြီး သူများကို အော်နေတယ်

" ကိုကိုကလည်း ဒီနေ့ မားမားတို့ဆီ ပြန်ရမယ်ဆို ကိုကိုပဲ မနေ့က ပြောခဲ့ပြီးတော့ ဒီမှာ သားတောင် အားလုံး အဆင်သင့် ဖြစ်နေပြီ ကိုကိုက အခုထိ အိပ်ပုတ်ကြီးနေတုန်း "

" နေစမ်းပါဦး မင်းက အဲ့အိမ်ကို သိပ်ပြန်ချင် နေတယ်ပေါ့ ဘာလဲ မင်းက ငါ့နဲ့ မနေချင်တော့ဘူးလား ငါ့ကို မြန်မြန် သွားစေချင် နေပြီလား "

" ကိုကို ဘာလို့ မင်း တွေ ငါတွေနဲ့ ပြောနေရတာလည်း သားက ဒီတိုင်း မားတို့ မျှော်နေမှာ စိုးလို့ပါ အဲ့လို မဟုတ်ပါဘူး သားက ဘာလို့ ကိုကို့ကို သွားစေချင်ရမှာလဲ "

ကျစ်! ငါဘာတွေ ပြောမိလိုက်ပါလိမ်

" ကလေးလေး ကိုကို တောင်းပန်ပါတယ်ကွာ ကိုကိုက အိပ်ချင်နေတာကို မင်းလေးက အတင်း လာနှိုးနေတော့ ​ဒေါသထွက်ပြီး အော်လိုက်မိတာပါ ကိုကို့ကို စိတ်မဆိုးနဲ့နော် "

" မဆိုးပါဘူး ကိုကိုရဲ့ သားက ဒီတိုင်း ကိုကိုက အဲ့လို တွေပြောတော့ ဝမ်းနည်း သွားရုံပါ ဘာမှ မဖြစ်ပါဘူး ကိုကို ဆက်အိပ်ချင်ရင်လည်း အိပ်လေ ကိုကိုနိုးလာမှပဲ သွားကြတာပေါ့ "

အံမယ် သူ့ကိုယ်သူ လူကြီးလိုလို ဘာလိုလို ဆိုဒ်ဖမ်းပြီး ပြောနေတဲ့ ကျွန်တော့် ကလေးလေးက သိပ်ကို ချစ်ဖို့ကောင်းတာပဲ သွားတောင် မသွားချင်တော့ဘူး စိတ်မချလွန်းလို့

" အခု သွားမယ်လေ ကိုကို ရေချိုးပြီးရင် ဆင်းလာမယ် ဟုတ်ပြီလား "

𝐁𝐞𝐜𝐚𝐮𝐬𝐞 𝐘𝐨𝐮 𝐀𝐫𝐞 𝐌𝐢𝐧𝐞Where stories live. Discover now