❰𝟏𝟖❱🍭

2.3K 192 32
                                    

[Zawgyi]

အရင်ဆုံး အကြာကြီး ပစ်ထားမိတဲ့ အတွက် တောင်းပန်ပါတယ်နော် မျှော်နေတဲ့ သူကော ရှိပါ့မလား မေ့ကုန်ကြပြီတောင် ထင်တယ်ToT

4 Years Later ,

တီတီ! တီတီ!⏰⏰

" ဝှါး....! အိပ်လို့ မဝသေးပါဘူး ဆိုကွာ ဒီနှိုးစက် က တစ်မျိုး "

နှိုးစက်အား လှမ်းပိတ်လိုက်ကာ စောင်အား သေချာလေး ပြန်ခြုံ လိုက်ပြီး ခန္ဓာကိုယ်လေးအား ကွေးနိုင်သမျှကွေးကာ ပြန်အိပ်စက် လိုက်တယ် အခုက ဆောင်းတွင်း ကာလကို ရောက်နေပြီ မို့လို့ ရာသီဥတုက ချမ်းစိမ့်စိမ့်နဲ့ အပြင်မှာလည်း နှင်းတွေက တအား ကျနေတယ်

"Aigoo...ငါတို့ Kookie လေးက အခုချိန်ထိ မထသေးဘူးကို "

Mrs.Kim တစ်ယောက် သူ့သားတော်မောင်အား နှိုးရန် ဝင်လာတော့ ထင်တဲ့အတိုင်းပဲ ဒင်းလေးက စောင်တောင် ခြုံပြီး အိပ်နေသေးတယ် အသက်ကသာ 18 နှစ်ဖြစ်နေပြီ အခုချိန်ထိ ကလေးလေး တစ်ယောက်လိုပဲ ပြုမူနေတုန်း

အခုလည်းကြည့် မနေ့က သူ့ရဲ့ ချစ်လှစွာသော Hyung နဲ့ ချစ်သူ သက်တမ်း 1 နှစ်ပြည့်တဲ့အနေနဲ့ လျှောက်လည်မှာမို့လို့ စောစော ထရမယ် လို့ပြောနေပြီးတော့ အခုများကျတော့ လှုပ်တောင်မလှုပ်တော့ဘူး အိပ်နေတာ မနက်နဲ့ ညနဲ့များ မှားနေလား မသိဘူး

တင်ပါးကို ခပ်ဆက်ဆတ်လေး ပုတ်လိုက်ကာ

" သားရေ ထဦးလေ သားပဲ Jimin လေးနဲ့ လျှောက်သွားမလို့ဆို အခုပဲ 9:30 ဖြစ်နေပြီ ထတော့. .... "

ပြောလိုက်တော့မှ အိပ်ချင်မူးတူးရုပ်နဲ့ ဆက်ခနဲ ထလာပြီး ရေချိုးခန်းထဲ ပြေးဝင်သွားတယ် ပါးစပ်ကလည်း ကျွန်မအား အပြစ်တင်သွားသေးတယ်

" မားတို့ကလည်း အကျင့်ကို မကောင်းဘူး... သားကို ဘာလို့ လာမနှိုးရတာလဲ အခုတော့ Hyung စောင့်နေရတော့မယ် Hyung က စောင့်ရတာ မကြိုက်ပါဘူးဆိုမှ "

" အမလေး! ကျွန်မနှိုးတယ်လေ ပြီး​တော့ မနေ့က နှိုးစက်လည်း ​ပေးထားတယ် မဟုတ်ဘူးလား နှိုးစက်ကိုကျ ပြန်ပိတ်ပြီး ပြန်ကွေးနေပြီးတော့ အခုမှ မအေကို အပြစ်တင်နေတယ် မြန်မြန်လုပ်! ရာသီဥတုက အေးတယ် အကြာကြီးတွေ ချိုးမနေနဲ့ "

𝐁𝐞𝐜𝐚𝐮𝐬𝐞 𝐘𝐨𝐮 𝐀𝐫𝐞 𝐌𝐢𝐧𝐞Where stories live. Discover now