Part 6(Uni&Zaw)

2.3K 187 11
                                    

ရှောင်းကျန့်ရဲ့ပေါ်ပေါ်လေး

Part 6 (Unicode)

ရှောင်းကျန့် ဘွဲ့ယူပြီးလို့ ပါးပါးအလုပ်ထဲသို့ဝင်နေပြီဖြစ်သည် ပေါ်ပေါ်လေးကတော့ တက္ကသိုလ်ကျောင်းသားနောက်ဆုံးနှစ် သို့ရောက်နေပြီဖြစ်သည် အချိန်တွေအသက်တွေသာပြောင်းလာသော်လဲ ရှောင်းကျန့်နဲ့ပေါ်ပေါ်လေးကတော့အရင်အတိုင်းပင် ပြောင်းလဲမှုမရှိခဲ့ပေ

ကျန်းချန်ကိုလဲ ရှောင်းကျန့်သူ့အတွင်းရေးမှူးအဖြစ်ခန့်ထားသည် အကြောင်းသိသူဆိုတော့စိတ်ချရသည်လေ

''ကျန်းချန် ငါ ပေါ်ပေါ်လေးဆီ သွားလိုက်ဦးမယ်ကွာထမင်းစားချိန်နီးနေပြီ ကုမ္မဏီက တခြားကိစ္စတွေ မင်းပဲကြည့်စီစဥ်ထားလိုက်တော့´´

''အေးမင်းလဲ အချိန်မှန်ရထားကြီးလိုပဲ ငါဆိုနာရီကိုကြည့်စရာမလိုတော့ဘူး မင်းကြည့်ယုံနဲ့ အချ်န်တွေအလွတ်ရနေပြီ´´

''အဲ့ဒါမကောင်းဘူးလားမင်းနာရီဝယ်ပတ်စရာမလိုတာပေါ့ကွာ ဟားဟား´´

''မင်းကနဲ့ရိပေါ်ကိုတော့လက်လန်တယ် အရွယ်ရောက်နေပြီးသားကို မင်းကလဲသဲသဲလှုပ် ဟိုကလဲ ကဲကဲနဲ့ ဘာအခုထိပေါ်ပေါ်လေးလဲ ကလေးမှမဟုတ်တော့တာကို´´

''ဒါကမင်းအမြင်လေး ကွ ကျန်းချန်ရ ငါက ကလေးလိုမျက်စိထဲမြင်လို့ ပေါ်ပေါ်လေးလို့ ခေါ်တာမှမဟုတ်တာ´´

''ပေါ်ပေါ်လေးဆိုတာ ငယ်ငယ်ကတည်းကငါ့တစ်ယောက်တည်းအတွက်သီးသန့်ခေါ်ဆိုဖို့ ပေါ်ပေါ်လေးကိုယ်တိုင် တောင်းဆိုထားတဲ့အမည်ကွ´´

''ဒါဆို မင်းက ရိပေါ်တောင်းဆိုလို့........´´

''နိုးနိုး မဟုတ်ဘူး ´´

''ပေါ်ပေါ်လေးဆိုတာ ငါ့အတွက်သူကိုယ်တိုင်သီးသန့်အမည်ပေးထားတာဖြစ်သလို ငါ့အတွက်လဲ အဖိုးမဖြတ်နိုင်တဲ့သီးသန့်ဖြစ်တည်နေတဲ့အမည်နာမ်မလေး´´

''တခြားသူတွေဝမ်လေးလို့ခေါ်နေချိန်မှာ ငါ့တစ်ယောက်တည်းပေါ်ပေါ်လေးလို့ သီးသန့်ခေါ်ခွင့်ရတာ ငါ့အတွက်တော့ ဘာနဲ့ဖော်ပြရမှန်းတောင်မသိဘူး ´´

''ပေါ်ပေါ်လေးဆိုတာကို ငါကနှုတ်ဖျားနဲ့ခေါ်ခဲ့တာမဟုတ်ဘူး နှလုံးသားကအသံနဲ့ခေါ်ခဲ့တာကွ ပေါ်ပေါ်လေးအမည်တစ်ခါခေါ်တိုင်း အချစ်ပိုပိုတိုးပြီး ငါ့ကိုပြုံးပျော်စေနိုင်တယ်´´

ရှောင်းကျန့်ရဲ့ပေါ်ပေါ်လေးWhere stories live. Discover now