ရှောင်းကျန့်ရဲ့ပေါ်ပေါ်လေး

1.8K 130 4
                                    

ရှောင်းကျန့်ရဲ့ပေါ်ပေါ်လေး   9  (Unicode)

တစ်နှစ်နဲ့ နှစ်လကြာသောအခါ

''အား နာတယ် နာတယ်´´

''အဲ့ဒါ ကိုကိုကြောင့် ကိုကိုမကောင်းလို့ဖြစ်ရတာ´´

''ဟုတ်တယ် ဟုတ်တယ် ကိုကိုကြောင့်ပေါ်လေးနာကျင်နေရတာ ကိုကိုမကောင်းလို့´´

''ကိုကိုလူယုတ်မာ ကိုကို လူဆိုး ညတိုင်းသောင်းကျန်းနေလို့ အခုလိုဖြစ်ရတာ အဟင့်ဟင့်´´

''အဲ အင်း ´´

အခုဖြစ်နေသည်ကတော့ဝမ်လေးမီးဖွားရန်ဗိုက်နာနေသဖြင့် ဆေးရုံသို့ပို့ရန်ကားဖြင့်သွားနေစဥ္ကားပေါ်တွင်သူ့အားပါးစပ်ကနေပွစိပွစိပြောနေရုံသာမကပဲဆံပင်ကိုပါဆွဲထားသေးသည်ထို့သို့ပေါ်လေးပြောဆိုလုပ်နေသော်လည်းရှောင်းကျန့်စိတ်ထဲ စိတ်ဆိုးဖိုးဆိုတာ ဝေးစ စိတ်ငြိုငြင် ခု ခြင်းပင်မဖြစ်မိပေ။ဖြစ်နိုင်ရင်ပေါ်လေးနာကျင်ခံစားနေရတာတွေကို သူသာကိုယ်စားဝင်ခံစားပေးလို့ရရင်ခံစားပေးလိုက်ချင်တယ်။

''ဆေးရုံရောက်ပြီ ဝမ်လေး´´

''ဟုတ်ကဲ့မားမား´´

''မကြောက်နဲ့နော် သားဝမ်လေး အပြင်မှာသားအတွက်မားမားတို့ ဘုရားစာရွတ်ပေးနေမယ်´´

''ဟုတ်တယ် ပေါ်လေးမကြောက်နဲ့နော် ကိုယ်အနားမှာရှိနေပေးမယ်´´

''သားဝမ်လေးက မွေးရလွယ်မှာပါ ဒီလောက်လိမ္မာတာကို သားဝမ်လေးအားတင်းထားဖို့ပဲလိုတယ်နော်´´

မွေးခန်းထဲဝင်ရန် ဆေးရုံအပေါက်ဝကနေလှည်းပေါ်တွန်းလာစဥ္တစ်လျှောက်လုံး မားမား နှစ်ယောက်လုံးကဘေးတစ်တစ်ဖက်နေဝမ်လေးလက်တစ်ဖက်ကိုကိုင်ပြီးအားပေးစကားပြောနေခြင်းဖြစ်သည်။တစ်ဖက်တွင်လည်းရှောင်းကျန့်လက်တစ်ဖက်ကိုကိုင်ကာအားပေးနေသည်။

''ဒေါက်တာရယ် ခွင့်ပြုပေးပါနော် ကျွန်တော်ပေါ်လေးကိုစိတ်မချလို့ပါ ပြီးတော့ ကလေးက တစ်ယောက်တည်းဆိုအရမ်းအားငယ်နေမှာ ´´

''စိတ်ချပါ ဒေါက်တာတို့ အစွမ်းကုန်ကြိုးစားပေးမှာပါ´´

''ဒေါက်တာတို့ကို ယုံကြည်ပါတယ် ဒါပေမယ့်ဒါက သာမာန်မွေးတာမဟုတ်ဘူးလေဒေါက်တာရယ် ယောကျာ်းလေးတစ်ယောက် မွေးရတာလေ ခွဲခန်းထဲ လူစိမ်းတွေကြားမှာ ကလေးဘေးနားကျွန်တော်မပါရင်ပိုခက်ခဲနေမှာ ခွင့်ပြုပေးပါဆရာရယ်နော် ကျွန်တော်တောင်းဆိုတာပါ ´´

ရှောင်းကျန့်ရဲ့ပေါ်ပေါ်လေးHikayelerin yaşadığı yer. Şimdi keşfedin