ရှောင်းကျန်ရဲ့ပေါ်ပေါ်လေး

1.6K 122 6
                                    

ရှောင်းကျန့်ရဲ့ပေါ်ပေါ်လေး   10  (Unicode)

ဒီလိုနဲ့ရှောင်းကျန့်နဲ့ပေါ်လေးတို့မိသားစုထဲကို ဆည်းလည်းအသေးစားလေးဝင်ရောက်လာခဲ့လေသည်။ဒီဆည်းလည်းလေးကိုပဲနှစ်ဖက်အဘိုးအဖွားများကလဲသဲသဲလှုပ်ကြသည်။ဆည်းလည်းလေးသည်ရှောင်းကျန့်နဲ့တစ်ရုပ်တည်းတူယုံသာမကနှုတ်ခမ်းလေးနဲ့နှုတ်ခမ်းအောက်ကမှဲ့လေးကရှောင်းကျန့်နဲ့တစ်ရုပ်တည်းဆိုတာကြည့်စရာပင်မလို။အသားအရေနဲ့အကျင့်လေးတွေကတော့ပါးပါးရိပေါ်လေးနဲ့အကုန်တူနေသဖြင့် အားလုံးကသဲသဲလှုပ်နေရခြင်းဖြစ်သည်။

.........................................

''ကိုကိုရေ ´´

''ဗျာ ပေါ်လေး ပြောလေ´´

''သားလေးကို နာမ်မည်ပေးဖို့ရွေးပြီးပြီလား ကိုကို´´

''အင်းရွေးပြီးပြီ ပေါ်လေး´´

''ရှောင်းဝမ်ရိကျန့် တဲ့´´

''ဘယ်လိုလဲ ပေါ်လေး ကြိုက်ရဲ့လား´´

''ကိုကိုရွေးပေးထားတာပဲ မကြိုက်ပဲနေမလား´´

''ဟုတ်ပါပြီ ဗျာ ဒါလေးတွေ​ေကြာင့် ကိုကိုက ပေါ်ပေါ်လေးကို အချစ်ပိုနေရတာ´´

''အဟင်း ကိုကိုကလဲ သားလေးရှေ့မှာ´´

''သားရှေ့မှာမို့ ရှက်နေတာလား မရှက်ပါနဲ့ ဒီမှာ သားသားကတောင် သဘောတွေကျ လို့ရယ်နေတာကို´´

''ခစ် ခစ်´´

''အားယိုး သားသားလေးက သဘောကျနေတာလား လာပါဦး ပါးပါးလေးဆီကို´´

ပေါ်လေးခေါ်တာနဲ့ သားသားလေးက သူ့ခြေတိုတိုတုတ်တုတ်လေးတွေနဲ့အပြေးတစ်ပိုင်းသွားတာများဖင်လေးကို လုံးနေတာပဲ ရှောင်းကျန့်မှာ နောက်ကနေကြည့်ပြီးအသဲတယားယားရှိလှသည်။

သားသားလေးသည် အရွယ်နှင့်မလိုက်အောင်အရမ်းသိ အရမ်းနားလည်သည်။တစ်ခုခုဆိုရင်လဲပြောစရာမလိုပဲအရမ်းအလိုက်သိလိမ်မာနေလွန်းလို့ မိသားစုဝက်တွေအားလုံးက အချစ်ပိုနေကြခြင်းဖြစ်သည်။သို့ပေမယ့် မိသားစု တွေအားလုံးနဲ့ ဘယ်လောက်ချစ်နေနေ သားသားလေးက ဒယ်ဒီဖြစ်သူ ရှောင်းကျန့်နဲ့တော့ ဘယ်တော့မဆိုမတည့်ပေ။ဘာကြောင့် ဆိုတော့ သားသားမကြိုက်တာကိုအရမ်းစသလို သူ့ပါးပါးကိုလဲ ဒယ်ဒီနဲ့ အပြိုင်အဆိုင်လုနေခြင်းကြောင့်မတည့်ခြင်းဖြစ်သည်။

ရှောင်းကျန့်ရဲ့ပေါ်ပေါ်လေးWhere stories live. Discover now