ရှောင်းကျန့်ရဲ့ပေါ်ပေါ်လေး

1.9K 101 8
                                    

ရှောင်းကျန့်ရဲ့ပေါ်ပေါ်လေး   11  (Unicode)

''ဒယ်ဒီ  မနက်ဖြန် ကစားကွင်းသွားမှာနော်´´

''သားသားပါးပါး မေးကြည့်ဦး´´

''ဟာ မရဘူးနော် ပိတ်ရက်ကျရင်လိုက်ပို့မယ္လို့ဒယ်ဒီကတိပေးထားတယ်လေ´´

''ဒယ်ဒီက လိုက်ပို့မှာပါ သားသားရဲ့ပါးပါးလိုက်ဖို့ကိုမေးခိုင်းတာ´´

''မေးစရာမလိုပါဘူး ဒယ်ဒီ ပါးပါးက သားသားချွဲရင်တစ်ချက်ပဲ´´

''ဟုတ်ပါပြီကွာ ဒါဆို မနက်ဖြန်သွားကြတာပေါ့´´

''ယေး ပါးပါးကိုမနက်ဖြန်သွားဖို့ သွားပြောလိုက်ဦးမယ်´´

''ပါးပါးရေ မနက်ဖြန် အလုပ်ပိတ်ရက် သားသားတို့ ကစားကွင်း အလည်သွားရအောင်နော်´´

''သားသား ကလဲ ပါးပါးကလူရှုပ်တဲ့နေရာတွေသွားရတာမကြိုက္မှန်း သိသားနဲ့´´

''သားသားနဲ့ ဒယ်ဒီပဲသွားကြလေ နော်´´

''အဟင့် ပါးပါးကလဲ ကစားကွင်းဆိုတာ သူများတွေကမိသားစုနဲ့အတူတူလာကြတာလေ သားသားကျတော့ဒယ်ဒီတစ်ယောက်တည်းနဲ့သွားရမှာလား ´´

''ဒါပေမယ့် ´´

''အဲ့လိုဆို သားသား  အပြည့်အဝ ဘယ်ပျော်နိုင်ပါ့မလဲ ပါးပါး ကလဲ လိုက်ခဲ့ပါ နော် နော် နော်´´

''အင်းပါ သားသားရယ် ပါးပါးလိုက်ခဲ့မယ် ဟုတ်ပြီလား´´

ရှောင်းကျန့်သားသားက ပေါ်လေးကို မနက်ဖြန်သွားမယ့်အကြောင်းပြောဦးမယ်ဆိုပြီး အခန်းထဲဝင်သွားတာကြောင့် နောက်ကနေလိုက်ခဲ့ခြင်းဖြစ်သည်။တကယ်လို့များသားသားပြောလို့မရရင်ရှောင်းကျန့်ပါကူပြောပေးဖို့လိုက်လာပေမယ့်သားသားပြောသလိုပေါ်လေးဟာသားသားတစ်ချက်အချွဲမှာပင် လိုက်ခဲ့မည်ဟုပြောသောကြောင့် ပေါ်လေးတစ်ယောက် သူ့အပေါ်ဘယ်လောက်ကလေးဆန်ဆိုးနေပါစေ သားသားအပေါ်တွင်တော့တကယ့်ချစ်နိုင်အလိုလိုက်နိုင်သောဖခင်ကောင်းတစ်ယောက်ဖြစ်သည်။

ပေါ်လေးအိမ်အပြင်မထွက်တာ ရှောင်းကျန့်နဲ့ညားပြီးကတည်းကပင်။ရှောင်းကျန့်နှင့် အတူ date သည့်ရက်များ အမှတ်တရနေ့များ တစ်ခုခုဝယ်ချင်သောနေ့များမှအပ အပြင်သို့ မထွက်ချေ။ပေါ်လေးကို ရှောင်းကျန့်မပါလဲထွက်လို့ရတယ်ပြောပေမယ့် လူများတဲ့နေရာတွေသိပ်မသွားချင်လို့ပါဆိုသဖြင့် ရှောင်းကျန့်လဲဆက္မတိုက်တွန်းပေ။ရှောင်းကျန့်ကတော့မထွက်လေ ပိုကြိုက်လေဖြစ်တယ်။ပေါ်လေးက အိမ်ထဲပင်အနေများလို့လားမသိ နေမထိလေမထိလေးကို ဖြူဖြူဥဥ လေးဖြစ်သည်။သားတစ်ယောက်ပါမွေးထားလို့လားမသိ အရင်ကထက် ပိုချောလာသည်။ထို့ကြောင့်ရှောင်းကျန့်မှာတစ်နေ့တစ်နေ့ စိတ်မချခြင်းများစွာဖြင့်စိတ္တဇပင်ဖြစ်တော့မည်။

ရှောင်းကျန့်ရဲ့ပေါ်ပေါ်လေးHikayelerin yaşadığı yer. Şimdi keşfedin