Part 9

487 31 0
                                    

(Unicode)

"အောင်မယ်လေး ပလုတ်တုတ်"

"ကိုယ့်ကိုတွေ့တာ ဘီလူးသရဲတွေ့တာကျနေတာပဲ၊ လန့်နေလိုက်တာ"

"ခင်ဗျားက ကျွန်တော့်ရှေ့ကြီး ပိတ်ရပ်တာကို မလန့်ဘဲနေမလား"

"ဟုတ်ပါပြီကွာ၊ ဒါနဲ့လှည်းတန်းမှာ ဘာလာလုပ်နေတာလဲ"

"ကျွန်တော်က saturday sundayဆို tourism သင်တန်းလာတက်နေတာလေ ဒီမှာ"

"‌ဪဒီလိုလား၊ လမ်းမကြီးမှာ စကားရပ်‌ပြောနေတာ မကောင်းပါဘူး၊ ဆိုင်တစ်ခုခုသွားရအောင်၊ lotteriaဆိုဘယ်လိုလဲ"

"အင်း သွားမယ်လေ"

.............

"ဒါနဲ့ ကိုမြတ်မင်းခန့်ဟုတ်တယ်နော်၊ ခင်ဗျားနာမည်က"

"ဟုတ်ပါတယ်‌ မောင်ညဥ့်ဦးယံလေးရယ်"

"မောင်ညဥ့်ဦးယံလို့ခေါ်ရအောင် ကျွန်တော်က ကလေးလား ၊ညဥ့်ဦးလို့ပဲ သူများတွေလိုခေါ်ပါ၊ ရပါတယ်"

"ကိုယ့်ကိုရော ကိုမြတ်လို့ပဲ ခေါ်ပါလား၊ ညဥ့်ဦး"

"ကောင်းပြီလေ၊ ကိုမြတ် ကျေးဇူးပဲနော်၊ မုန့်ဝယ်ကျွေးလို့"

"ဟုတ်ပါပြီ၊ ဒါနဲ့ weekendဆို
ညဥ့်ဦးတစ်ယောက်တည်း ‌သင်တန်းတက်တာလား၊ တေးသံရော"

"နှစ်ယောက်လုံး လှည်းတန်းမှာ သင်တန်းတက်တာ၊ဒါပေမယ့် ကျွန်တော်နဲ့က တက်တဲ့ သင်တန်းချင်းမတူဘူး၊ ကျွန်တော်က tour guideဖြစ်ချင်တော့ tourismသင်တန်းတွေ ရွေးတက်တယ်လေ ၊တေးသံကတော့ business managementသင်တန်းတွေ တက်တယ်၊ သူပြီးရင်သူပဲ ဆိုင်တစ်ဆိုင်မှာစောင့်နေ၊ ဒါမှမဟုတ်ကျွန်တော်ကစောင့် အဲ့လိုမျိုးပဲလုပ်နေတာ၊ ဘယ်လောက်ပဲ အရွယ်ရောက်နေပါစေ၊ ကိုယ့်ညီမကိုတော့စိတ်မချနိုင်ပါဘူး၊ မဟုတ်မဟတ် လူတွေနဲ့ဖြစ်သွားရင် ကျွန်တော်ပဲရင်ကွဲရမှာ"

"ခုနက လမ်းမှာ ရပ်နေတာကရော"

"ဘာစားရင်ကောင်းမလဲ စဉ်းစားနေတာ၊ကျွန်တော်ကြိုက်တာ မနေ့ကစားပြီးပြီဆိုတော့ ဒီနေ့ တေးသံကြိုက်တာ စားဖို့ ခေါင်းစားနေတယ်ဆိုပါတော့"

"ညဥ့်ဦးက ညီမလေးကို တော်တော်ချစ်တာနော်"

"ချစ်တာပေါ့ဗျာ၊ ကျွန်တော့်မှာ သူတစ်ယောက်ပဲရှိတာကို"

တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ်တမ်းတော့အချစ်ဆိုတာ....)(Completed)Where stories live. Discover now