Part 24

311 21 0
                                    

(Unicode)

ညဉ့်ဦးခမျာ သနားစရာပါ။ dateနေရင်းတန်းလန်းကနေပြီးတော့ အမောင်စစ်ရှိုင်းမာန်ဖုန်းဆက်ပြီး အရေးပေါ်အစည်းအဝေးခေါ်တာနဲ့ပဲ ရောက်ရာအရပ်ကနေ အပြေးအလွှားရှိုင်းမာန်အိမ်သို့ ဦးတည်လာရသည်။

"ရှိုင်းမာန်ဘာဖြစ်လို့လဲ၊ လမ်းမှာလာတုန်းကလည်း fbကမင်းpgမှာ မင်းတင်ထားတာတွေ့တယ်၊ပြီးတော့ မနက်တည်းက ဖြစ်နေတဲ့ကိစ္စနဲ့ ဆိုင်လို့လား၊စိုင်းဝေဟန်ကရော ဘယ်ရောက်သွားတာလဲ၊မင်းကရော ဘာလို့အရေးပေါ်ဆိုပြီး အကုန်လုံးကိုခေါ်ရတာလဲ၊ ပြောဦးကွ"

"ဖြည်းဖြည်းပြောပါကွာ၊မင်းကလည်း ငါလူစုံရင် ရှင်းပြပါ့မယ်၊ အခု ကျန်တဲ့သူတွေကို စောင့်လိုက်ဦး"

"ယံငယ်ရယ် မလောပါနဲ့၊ရှိုင်းမာန် လူစုံ‌မှ ပြောစရာရှိတာ ပြောပါစေ"

ထိုစဉ် ဘဲလ်တီးသံကြားသောကြောင့် ရှိုင်းမာန်လည်းအပြေးအလွှားပင် သွားဖွင့်ပေးဖြစ်သည်။‌တံခါးဝမှာ ရပ်စောင့်နေကြသော တေးသံနှင့်ရဲရင့်တို့စုံတွဲအပြင် ခန့်မင်းပိုင်ကိုပါ အဆင်သင့်တွေ့လိုက်ရသည်။

"ဘယ်မှာလဲ ငါ့ငယ်လေးရော၊ငယ်လေး တစ်ခုခုဖြစ်လို့လား၊ ငါ့ငယ်လေးဘာများဖြစ်လို့လဲ၊ နင်တင်ထားတာကလည်း ဘာလို့လဲ၊ ရှင်းပါဦးဟ၊ အခုငယ်လေးကိုလည်း မတွေ့ဘူး၊ အိမ်မှာရောရှိလို့လား၊ငယ်လေးရေ"

"နင်တို့မောင်နှမကလေ ထင်တာစွတ်ပြောဖို့ပဲ ၊ငါရှင်းပြမှာပေါ့ဟ"

"ရှင်းပြမယ်ဆိုလည်း မြန်မြန်‌ပြောကွာ၊ငါတို့မှာ နိုးလေးအိမ်ကနေပြီးတော့ အရေးပေါ်ဆိုလို့ ပြေးလာရတာ သူ့မိဘတွေနဲ့ စကားကောင်းနေတဲ့ ကြားထဲကနေ"

" ရွှေသမက်အလိမ္မာလေးက တစ်မျိုး၊ မင်းတို့တွေကလည်း စိတ်မရှည်ဘူးဆိုတာချည်းပဲ"

"ဟို...အကိုကလေ အပြင်လူဆိုတော့ ပြန်လိုက်ဦးမယ်နော်၊ညီတို့စကားပြောတာဆိုတာ အကိုရှိရင် မလွတ်လပ်မှာစိုးလို့"

"အာ...ကိစ္စမရှိပါဘူး အကိုကလည်း၊ကျွန်တော်တို့နဲ့လည်း ပြင်ဦးလွင်မှာတော်တော်လေးကို ဘော်ဒါအရင်းတွေလို ခင်လာတာကို၊ ရပါတယ် တေးသံနဲ့ပါလာတာပဲ"

တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ်တမ်းတော့အချစ်ဆိုတာ....)(Completed)Where stories live. Discover now