Part 32

289 20 0
                                    

(Unicode)

တစ်ညလုံး ဆေးရုံမှာစောင့်နေပြီး မနက်မိုးလင်းတော့ ခန့်မင်းပိုင်ရောက်လာကာ သူ့ကိုအိမ်ပြန်အနားယူရန် တိုက်တွန်းသောကြောင့် မပြန်ချင်ပြန်ချင်နှင့်ပင် ပြန်လာရသည်။

အိမ်အရောက်ရေချိုးပြီးတာနဲ့ ဆေးရုံမှာစောင့်အိပ်ရင် လဲဖို့အဝတ်အစားအနည်းငယ်နှင့် အသုံးအဆောင်ပစ္စည်းတချို့ကိုယူကာ ခပ်မြန်မြန်ပင် ပြန်ထွက်လာဖြစ်သည်။

တေးသံကတော့ စိတ်ပူရှာ၍ထင် နားနာနေနေနေဖို့ပြောရှာသည်။ အစားအသောက်ကိုလည်း မှန်မှန်စားဖို့၊ အိပ်ရေးဝအောင်လည်းနေဖို့ လိုက်ပို့ပေးသည့်လမ်းတစ်လျှောက်လုံးလည်း မနားမနေမှာနေတော့သည်။တေးသံက ဒီလိုအချိန်မျိုးတွေဆို တကယ်ကို အစ်မကြီးနဲ့ တူလှသည်။

သူလည်းမှာသမျှကို'အင်း'တစ်လုံးဆောင်ပြီးသာ ပြန်လည်ဖြေဖြစ်သည်။ အတွေးထဲမှာတော့ မြတ်မင်းခန့်အက်ဆီးဒင့်ဖြစ်ရသည့် အကြောင်းအရင်းကို အသေအချာအဖြေထုတ်နေမိလျက်။

ဖြစ်သည့်နေရာမှာလည်း သံသယဝင်စရာ။ မြတ်မင်းခန့်ရောက်လေ့ရောက်ထမရှ်ိသောနေရာ ဖြစ်နေသည်မို့ မသင်္ကာစရာ အငွေ့အသက်ကတော့ရနေ၏။ နှိုင်းကဗျာနှင့်များ ဒီကိစ္စဆက်စပ်နေမလားလို့ ထင်မိပေမယ့်လည်း သူများသားသမီးကို မသေချာသေးဘဲစွတ်စွဲလို့ မကောင်းတာမို့ မြိုသိပ်၍သာထားရသည်။

မြတ်မင်းခန့်ရှိရာအခန်းသို့ အရောက်မှာတော့ သူမသိသည့် ဦးလေးကြီးနှင့်အဒေါ်ကြီးတို့ကို ဆိုဖာတွင်ထိုင်လျက်သား ခန့်မင်းပိုင်နှင့် စကားပြောနေကြသည်ကို တွေ့လိုက်ရ၏။

"ဧည့်သည်တွေ ရောက်နေတာလား၊ကျွန်တော် ဝင်လာတာ အနှောင့်အယှက်ဖြစ်သွားပြီထင်တယ်"

"သားက ညဉ့်ဦးယံလား"

"ဟုတ်ပါတယ်ဗျ"

"အန်တီ့သားပြောနေတာနဲ့ သားကိုရင်းနှီးနေပါပြီ သားရယ်၊အန်တီတို့က မြတ်မင်းခန့်ရဲ့မိဘတွေပါ"

"ဗျာ"

ရုတ်တရက်ကြီး ယောက္ခမဖြစ်သူတွေကို တွေ့လိုက်ရတော့စိုးရိမ်မှုတော့ဖြစ်မိသား၊ တော်ကြာ သူတို့သားနဲ့သဘောမတူနိုင်ဘူး ယောက်ျားလေးအချင်းချင်း မအပ်စပ်ဘူးဆိုပြီး မောင်းမထုတ်ရန် ကိုယ်စောင့်နတ်မှအစပြု၍ မြတ်စွာဘုရားအထိ တိုင်တည်ပြီးဆုတောင်းနေမိသည်။

တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ်တမ်းတော့အချစ်ဆိုတာ....)(Completed)Where stories live. Discover now